ချစ်သူချင်းအဆင်မပြေတဲ့အခါဆိုတာရှိကြမှာဘဲလေနော်…….
ကိုယ့်ကိုယ်ကလျှာနဲ့သွားတောင်မှကိုက်မိကြသေးတာဘဲ။
ဒီလိုအဆင်မပြေ ကြတဲ့အခါဘယ်လို ဖြေရှင်းရမလဲဆိုတာပြောပြပါမယ်။
(၁) မအော်ပါနဲ့
မိန်းကလေးတွေက သူတို့ကို အော်တာမျိုးကိုမကြိုက်ပါဘူး။
လူကြားသူကြားထဲမှာ ဆိုရင်ပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုရင်သူတို့ရှက်လို့ပါ ဝမ်းနည်းတတ်လို့ပါ။
အော်ပြီးပြောတာထက်အေးဆေး ပြောတာမျိုး ကို သူတို့ကပိုသဘောကျပါတယ်။
ယောကျာ်း လေးတွေလဲတူတူပါဘဲအော်ရင်မကြိုက်ပါဘူး။ သူတို့ ပိုဒေါသထွက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ ကိုမလေးစားတဲ့ပုံစံ မျိုးဖြစ်သွားစေလို့ပါ။
(၂) လက်မပါပါနဲ့
ယောကျာ်းလေးရော မိန်းကလေးရောအတူတူပါဘဲရန်ဖြစ်တဲ့အခါဒေါသအလျှောက်စိတ်မထိန်းဘဲလက်က အရင်ရောက်သွားတာမျိုး ရှိတတ်ပါတယ်။
စိတ်မထိန်းနိုင်တော့ဘူးဆိုရင်တောင် ကိုယ့်ချစ်သူအပေါ်ကိုတော့လက်မပါသင့်ပါဘူး။
ဒါမျိုးက တသက်လုံးမမေ့နိုင်စေတဲ့အရာမျိုး ဖြစ်လို့ပါ။
(၃) စကားမပြောဘဲ နေလိုက်ပါ
ပြသနာဖြဖစ်တဲ့အခါသူတခွန်းကိုယ်တခွန်းအော်ဟစ်နေမယ့်အစား စကားမပြောဘဲ နေလိုက်ပါ။
စကားမပြောတာကပြဿနာကိုသွေးအေးသွားစေပါတယ်။
သူ့ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။ သူ့ကို ကိုယ်က ဘယ်လောက်ချစ်ကြောင်း သူနဲ့ မပြတ်နိုင်ကြောင်းကို သွယ်ဝိုက်ပြီး
သူ့သူငယ်ချင်းတွေကိုပြောပြ ခြင်းကလဲကိုယ့်ချစ်သူနဲ့ အဆင်ပြေမယ့်နည်းလမ်းတခုပါဘဲ….
အားလုံး ပဲသာယာပျော်ရွှင်တဲ့ Relationship လေးတွေ တည်ဆောက်နိုင်ကြပါစေ………..
KZJJ