နှစ်တွေကြာလာလို့ ကိုယ့်ချစ်သူနဲ့အချစ်ရေးမှာအဆင်မပြေတော့တဲ့အခါ ဒီအချက်လေးတွေကိုစဉ်းစားပြီးအဖြေရှာကြည့်ကြပါနော်။
တကယ်တော့ တွဲတာနှစ်နဲ့ ချီပြီးကြာလာရင်တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှူတွေနဲ့ သာယာ တဲ့ relationship လေးတစ်ခု ဖြစ်နေရမှာပါနော်။
ကိစ္စအသေးအမွှားလေးကအစ ပြဿနာ တက်နေရတယ်ဆိုရင်တော့ နှစ်ယောက်စလုံး ပြန်ဆန်းစစ်ဖို့လိုနေပါပြီနော်။
အတတ်နိုင်ဆုံးညှိနှိုင်းလို့မရတော့ရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်ပါနော်။
မချစ်တော့တာလား
နှစ်တွေကြာလာတာနဲ့အမျှကိုယ့်ချစ်သူကကိုယ့်ကို မချစ်တော့ဘူးလားဆိုပြီး အမြဲသံသယရှိနေတတ်ပါတယ်။
ကိုယ်ကခံစားနေရရင်လည်းကိုယ့်ချစ်သူကိုယ်ဖွင့်ပြောပြပြီး ကိုယ့်ချစ်သူကခံစားနေရတဲ့အခါမျိုးမှာလည်း ကိုယ်က နားထောင်ပေးပြီး သေချာ ဆွေးနွေးဖို့လိုပါတယ်။
အလုပ်မအားတာလား
တချို့သူတွေကအလုပ်ကိုအကြောင်းပြပြီး သူတို့ရဲ့ ပျက်ကွက်မှူကို Cover လုပ်တတ်ကြပါတယ်။
သူက ကိုယ်တို့ နှစ်ယောက်နီးဖို့ ကြိုးစားနေတာပါလို့ပြောရင် နားလည်ပေးလိုက်ပါ။
အဲ့ဒီလိုမဟုတ်ဘဲ သူက တမင်အကြောင်းပြနေတာမျိုးဆိုရင်တော့ သေချာ ဆွေနွေးဖို့လိုနေပါပြီနော်။
ရန်ဖြစ်တဲ့အခါအဆက်အသွယ်ခဏဖြတ်ထားပါ
ရန်ဖြစ်တဲ့အခါမျိုးတွေမှာ အဆက်အသွယ်ခဏဖြတ်ထားပြီး သူမရှိတော့ဘဲ ဘ၀ကိုဖြတ်သန်းနိုင်မလားဆိုတာစိတ်ကူး နဲ့ ပုံဖော်ကြည့်ပါ။
ဝမ်းနည်းတဲ့အခါမျိုးတွေမှာ နှစ်သိမ့်ပေးမယ့်သူမရှိဘဲ ကျော်ဖြတ်နိုင်မလား တွေးကြည့်ပါ။
အရင်အချိန်တွေကိုပြန်တွေးပါ
စတွဲတုန်းက အကြောင်းလေးတွေကို ပြန်တွေးပြီး နှစ်ယောက်တည်းစကားပြောကြည့်ပါ။
စတွေ့ခဲ့တဲ့နေရာမျိုးလေးတွေသွားပြီး အချိန်ဖြုန်းကြည့်ပါ။အရင်ချိန်တွေပြန်သတိရပြီး ပြန်အဆင်ပြေသွားနိုင်ပါတယ်။
သစ္စာရှိပါ
တွဲတာကြာလာတဲ့အခါ ရိုးသွားပြီး နောက်တစ်ယောက်အပေါ်စိတ်တိမ်းညွှတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုစိတ်မျိုးပေါ်လာခဲ့ရင် ကိုယ့် ချစ်သူမျက်နှာကိုဘဲမြင်ပြီး ပျော်စရာကြည်နူးစရာလေးတွေကိုတွေးပြီး ထိန်းချူပ်ထားလိုက်ပါ။