အချစ်ကို လူတွေ အမျိုးမျိုး ပုံဖော်တတ်ကြပါတယ်။
ပေးဆပ်ခြင်း၊ရယူခြင်း၊စွန့်လွှတ်ခြင်းဆိုပြီး မပြီးဆုံးနိုင်သောခြင်း များစွာနဲ့အဓိပ္ပါယ်ဖွင့်ဆိုနေကြတာကိုတွေ့ ဖူး ကြလိမ့်မယ်လို့ထင်ပါတယ်။
ပေးဆပ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ချစ်နေကြသူတွေရှိပါတယ်။
ပေးဆပ်တိုင်းလဲ ပြန်ရခဲ့ကြတာမဟုတ်ဖူးလေ ။
ပေးဆပ်လွန်းလို့ ကိုယ့်ကိုအရုပ်တရုပ်လိုသဘောထားပြီး ကြာလာတာနဲ့အမျှ သူတို့အတွက်အသုံးလိုမှ သတိရခံရသူဖြစ်သွားပါလိမ့်မယ်။
လွယ်လွယ်ပြောရရင်လိုသုံးပုံစံဖြစ်သွားပါလိမ့်မယ်။
ရယူခြင်းဆိုပြီး ချစ်နေတဲ့သူတွေကကျတော့ချစ်လား? ချစ်ရင် ဒါလေးဝယ်ပေး ၊ ချစ်ရင် စားချင်တာကျွေးရမယ် ဆိုပြီး ချူပ်လုံးတွေနဲ့ချူပ်ပြီး ချစ်နေတာမျိုးပါ။
ဒါမျိုးကျတော့ကိုယ့်ချစ်သူကအဆင်ပြေနေတဲ့အချိန်မျိုးမှာတော့ဘာမှမဖြစ်ပေမယ့်သူအဆင်မပြေတဲ့အခါ မျိုးကျရင်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
စွန့်လွှတ်ပြီး ချစ်တယ်ဆိုတာတော့တကယ်တော့ရူးနေလို့ပါဘဲ။
တကယ်ချစ်ပြီဆိုရင် ပိုင်ဆိုင်ချင်ကြတာချည်းပါဘဲ ဘယ်သူမှသူများလက်ထဲအပါခံမှာမဟူတ်ပါဘူးနော်။
တကယ်တော့အချစ်ဆိုတာ ချစ်နေဖို့ပါဘဲကိုယ့်အတ္တတွေမပါဘဲသူ့ကိုချစ်နေရတာမျိုးကိုသာအချစ်လို့ခေါ်ရမှာပါ။
ဘာပေးဆပ်ခြင်း၊ရယူခြင် ၊စွန့်လွှတ်ခြင်းမှမရှိဘဲ ချစ်နေရတာကိုသာ အချစ်လို့ ခေါ်သင့်ပါတယ်………
Authour-KZJJ