ချစ်သူတွေကြားမှာတခါတလေအခန့်မသင့်ရင်စကားများ၊ စိတ်ဆိုးစိတ်ကောက်တာတွေရှိပါတယ်။
ဒါမဲ့ဒီလိုစိတ်ဆိုးစိတ်ကောက်တာတွေဖြစ်တဲ့အခါမျိုးမှာ ပါးစပ်ထဲတွေ့ရာကိုပြောလိုက်တာက
ပြောလိုက်တဲ့သူကတော့ခဏနေရင်မေ့သွားပေမဲ့ ပြောခံရတဲ့သူကတော့တဘဝလုံးရစရာမရှိအောင်ခံစားသွားရတာပါ။
သူများနဲ့နှိုင်းယှဉ်ပြောခြင်း
ကိုယ်ကိုတိုင်ကရော သူများနဲ့နှိုင်းယှဉ်ပြောခံရတာကြိုက်လားပြန်စဉ်းစားကြည့်ပါ။
ကိုယ်ကကိုယ်ပါပဲ။ ဒီလိုနှိုင်းယှဉ်ပြောတာတွေက မပြောသင့်ပါဘူး။
<<< Car/Truck Rental အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း ၇၈၀ ကိုရှာရန်နှိပ်ပါ။ >>>
Body Shaming လုပ်ခြင်း
ကိုယ့်ချစ်သူကိုကိုယ်တိုင်က Body Shaming မလုပ်မိဖို့လိုပါတယ်။
ပိန်လိုက်တာ၊ ဝလိုက်တာမပြောမိစေဖို့ပါ။ ကိုယ်ကအဲ့လိုပြောလိုက်တယ်ဆိုရင် သူအတော်လေးဝမ်းနည်းနေမှာအမှန်ပါပဲ။
အနိုင်ယူခြင်း
စုံတွဲလေးတို့ကြားမှာ ချစ်သူကိုအနိုင်ယူတာတွေ၊ သည်းခံခိုင်းတဲ့စကားတွေပြောတာမျိုးတွေမလုပ်ပါနဲ့။
“ချစ်ရင် ငါပြောသမျှသည်းခံ” ဒီလိုမျိုးတွေခဏခဏမပြောပါနဲ့။
အချိန်တွေကြာလာတဲ့အခါမှာဘယ်သူမှရေရှည်သည်းခံနိုင်မှာမဟုတ်ပါဘူး။
နောက်ပိုင်းအဆင်မပြေတာတွေ ပြသနာတွေဖြစ်လာနိုင်တာမို့လို့ ဒီလိုစကားတွေမပြောပါနဲ့။