ဒီနေ့ခေတ်မှာမိသားစုဝင်အများစုဟာ အလုပ်မအားမှုကြောင့် မိသားစုကို အချိန်မပေးနိုင်တဲ့ပြသနာတွေများလာပါတယ်နော်။
အဲ့ဒီပြသနာကို ဖြေရှင်းဖို့အတွက် အရင်ဦှးဆုံးလုပ်ရမှာက-
(၁)ဖုန်းပြောပါ။
အကြောင်းကိစ္စရှိမှဖုန်းပြောတာမျိုးမဟုတ်ဘဲ မကြာခဏဖုန်းခေါ်ပြီးစကားပြောပါ။
တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေချိန်မှာ အသံလေးနဲ့ဖြစ်ဖြစ် နွေးထွေးမှုပေးလို့ရပါတယ်နော်။
(၂)လက်ဆောင်ပေးပါ။
တစ်ယောက်နဲ့တစ်ယောက်ကြိုက်နှစ်သက်တတ်တဲ့လက်ဆောင်လေးတွေ ပေးခြင်းအားဖြင့် လည်း
ကိုယ့်ရဲ့ဂရုစိုက်မှုတွေကိုဖော်ပြလို့ရပါတယ်နော်။တစ်ဖက်သားကြိုက်နှစ်သက်တာလေးတွေကိုမှတ်ထားပြီး
လက်ဆောင်အဖြစ်ပေးတာက ပေးတဲ့သူရော လက်ခံတဲ့သူရောအတွက် ကြည်နူးစရာပါနော်။
(၃)ညစာအတူတူစားပေးပါ။
တစ်နေ့လုံး အသီးသီးလုပ်ငန်းခွင်ဝင်နေကြရတာမို့  ညစာကိုတော့ မိသားစုလက်ဆုံစားပေးသင့်ပါတယ်နော်။
ထမင်းစားရင်း ကိုယ့်ရဲ့ တစ်နေ့တာကို မိသားစုတွေကိုပြောပြခြင်းက စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ အကောင်းဆုံးနည်း
လမ်းလည်းဖြစ်ပါတယ်နော်။
(၄)ရုပ်ရှင်ကြည့်ပါ။
ညစာစားပြီးရုပ်ရှင်ခဏတဖြုတ်ကြည့်တာကလည်း မိသားစုအတွင်းနွေးထွေးမှုကို ပိုမို ရရှိစေနိုင်ပါတယ်နော်။
သူ့အကြိုက် ကိုယ့်အကြိုက် ရုပ်ရှင်အကြောင်းတွေပြောရင်း ငြင်းကြ ရယ်မောကြတာကလည်း relax ဖြစ်စေမှာပါနော်။
(၅)ခရီးတွေထွက်ပါ။
အလုပ်ပိတ်ရက်အားလပ်ချိန်တွေမှာ မိသားစုနဲ့အတူ ရက်တို၊ရက်ရှည်ခရီးတွေထွက်ပါ။
မိသားစုဝင်တွေကျန်းမာနေတုန်း ခရီးတွေထွက် ဓာတ်ပုံတွေရိုက်ပြီး ကိုယ့်ဘ၀ရဲ့ ကြည်နူးစရာအမှတ်တရတွေကို ဖန်တီးပါ။
နောက်ပြန်ကြည့်တိုင်းပြုံးမိမှာပါနော်။