ချစ်တော့ ချစ်ပါတယ် ။ ဒါပေမယ့် တချို့သော အခြေအနေတွေမှာ လက်လွှတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။
( 1 ) အချိန်မပေးနိုင်ရင်
ဟိုသွားမယ် ဆိုလည်း မအားဘူး ။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုးတွေပါ ။
ဂိမ်းဆော့စရာရှိလို့ ဘယ်သူနဲ့ချိန်းထားသေးတယ် ဒီည ဘယ်ဘောလုံးပွဲလာမှာ ဆိုတာတွေပေါ့ ။
( 2 ) အထီးကျန် လာရင်
ကိုယ်မှာ ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန်နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး ။
တစ်ယောက်တည်း နေရတာ များလာတဲ့အခါ နေသားကျသွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း မလိုအပ်တော့ဘူး လို့ ထင်လာတယ် ။
( 3 ) အသိအမှတ်ပြု မခံရရင်
အပြင်တွေ ဘာတွေ သွားတဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ရင် ကိုယ့်ကို ချစ်သူတစ်ယောက်အနေနဲ့
မိတ်ဆက်ပေးတာ မခံရတာတွေဟာ ဝေးကွာခြင်းရဲ့ အစပါပဲ ။။
( 4 ) တစ်ယောက်တည်း ရုန်းကန်ရရင်
ချစ်သူတွေ ဖြစ်လာရင် တူနှစ်ကိုယ်ဘဝတော့ တည်ထောင် ချင်ကြတာချည်းပဲလေ ။
မိန်းကလေး ဘက်ကချည်း ရုန်းကန်နေရမယ်ဆိုရင်တော့ အဓိပ္ပါယ်မရှိတော့ဘူးလေနော်။
(5 ) လိမ်ညာမှုတွေ ရှိလာရင်
သိပ် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ကိုယ့်ကို လိမ်ရင်ရော ကြိုက်ရဲ့လားဆိုတာပါပဲ။
(6 ) ကိုယ့်ဘက်က ကြိုးစားပေမယ့် ဘာမှ မထူးခြားရင်
ကိုယ်က ဒီယောက်ျားကို ချစ်လို့ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူး ဆိုတာ သိလာရင် ပြတ်ဖို့ သေချာပါပြီ ။
(7 ) ရေရှည်မှာ မကောင်းတာ ကြိုမြင်မိရင်
လူ့အကြောင်း ပေါင်းကြည့်မှသိပါတယ် ။ အချိန်ကြာလာတာနဲ့ ဒီယောက်ျားဟာ ဘယ်လို ဆိုတာမျိုး သိသွားရင် ဝေးဝေးက ရှောင်သွားပါတယ် ။
(8 ) အမူအကျင့် ရိုင်းစိုင်းရင်
စကား များတာနဲ့ ဆဲဆို အော်ဟစ်တာ လက်ပါတတ်တာမျိုးတွေပေါ့။
မိန်းကလေးအများစုဟာ အခုဖော်ပြပေးထားတဲ့အချက်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ လမ်းခွဲဖို့ကိုစဉ်းစားတတ်ကြပါတယ်။
မင်မင်တစ်ယောက်တည်းအမြင်ဆိုရင်လည်း ဒီလိုအခြေအနေမျိုးတွေမှာ လမ်းခွဲလိုက်တာအကောင်းဆုံးလို့ထင်ပါတယ်။
မိန်းမကောင်းပန်းပန်တစ်ပွင့်တန် ဆိုပေမယ့် မကောင်းတဲ့ပန်းကိုတော့ အလှပျက်ခံပြီးမပန်သင့်ဘူးလို့မြင်မိတာကြောင့်ပါ။
Zawgyi ျဖင့္ဖတ္ရန္...
ခ်စ္ေတာ့ ခ်စ္ပါတယ္ ။ ဒါေပမယ့္ တခ်ိဳ႕ေသာ အေျခအေနေတြမွာ လက္လႊတ္လိုက္တာက ပိုေကာင္းပါလိမ့္မယ္။
( 1 ) အခ်ိန္မေပးႏိုင္ရင္
ဟိုသြားမယ္ ဆိုလည္း မအားဘူး ။ ဒီသြားမယ္ ဆိုလည္း မလိုက္ဘူး ဆိုတာမ်ိဳးေတြပါ ။
ဂိမ္းေဆာ့စရာရွိလို႔ ဘယ္သူနဲ႔ခ်ိန္းထားေသးတယ္ ဒီည ဘယ္ေဘာလုံးပြဲလာမွာ ဆိုတာေတြေပါ့ ။
( 2 ) အထီးက်န္ လာရင္
ကိုယ္မွာ ခ်စ္ရတဲ့ ခ်စ္သူ ရွိေနပါလ်က္နဲ႔ အထီးက်န္ေနတယ္ ဆိုတာ အဓိပၸါယ္ မရွိပါဘူး ။
တစ္ေယာက္တည္း ေနရတာ မ်ားလာတဲ့အခါ ေနသားက်သြားတတ္ၿပီး ရွိေနတဲ့ ခ်စ္သူကိုလည္း မလိုအပ္ေတာ့ဘူး လို႔ ထင္လာတယ္ ။
( 3 ) အသိအမွတ္ျပဳ မခံရရင္
အျပင္ေတြ ဘာေတြ သြားတဲ့အခါ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ေတြ႕ရင္ ကိုယ့္ကို ခ်စ္သူတစ္ေယာက္အေနနဲ႔
မိတ္ဆက္ေပးတာ မခံရတာေတြဟာ ေဝးကြာျခင္းရဲ႕ အစပါပဲ ။။
( 4 ) တစ္ေယာက္တည္း ႐ုန္းကန္ရရင္
ခ်စ္သူေတြ ျဖစ္လာရင္ တူႏွစ္ကိုယ္ဘဝေတာ့ တည္ေထာင္ ခ်င္ၾကတာခ်ည္းပဲေလ ။
မိန္းကေလး ဘက္ကခ်ည္း ႐ုန္းကန္ေနရမယ္ဆိုရင္ေတာ့ အဓိပၸါယ္မရွိေတာ့ဘူးေလေနာ္။
(5 ) လိမ္ညာမႈေတြ ရွိလာရင္
သိပ္ ေထြေထြထူးထူး ေျပာစရာမရွိပါဘူး။ ကိုယ့္ကို လိမ္ရင္ေရာ ႀကိဳက္ရဲ႕လားဆိုတာပါပဲ။
(6 ) ကိုယ့္ဘက္က ႀကိဳးစားေပမယ့္ ဘာမွ မထူးျခားရင္
ကိုယ္က ဒီေယာက္်ားကို ခ်စ္လို႔ လမ္းမခြဲျဖစ္ေအာင္ ႀကိဳးစားေနေပမယ့္ ဘယ္လိုမွ အဆင္မေျပေတာ့ဘူး ဆိုတာ သိလာရင္ ျပတ္ဖို႔ ေသခ်ာပါၿပီ ။
(7 ) ေရရွည္မွာ မေကာင္းတာ ႀကိဳျမင္မိရင္
လူ႔အေၾကာင္း ေပါင္းၾကည့္မွသိပါတယ္ ။ အခ်ိန္ၾကာလာတာနဲ႔ ဒီေယာက္်ားဟာ ဘယ္လို ဆိုတာမ်ိဳး သိသြားရင္ ေဝးေဝးက ေရွာင္သြားပါတယ္ ။
(8 ) အမူအက်င့္ ႐ိုင္းစိုင္းရင္
စကား မ်ားတာနဲ႔ ဆဲဆို ေအာ္ဟစ္တာ လက္ပါတတ္တာမ်ိဳးေတြေပါ့။
မိန္းကေလးအမ်ားစုဟာ အခုေဖာ္ျပေပးထားတဲ့အခ်က္ေတြနဲ႔ရင္ဆိုင္လာရတဲ့အခါ လမ္းခြဲဖို႔ကိုစဥ္းစားတတ္ၾကပါတယ္။
မင္မင္တစ္ေယာက္တည္းအျမင္ဆိုရင္လည္း ဒီလိုအေျခအေနမ်ိဳးေတြမွာ လမ္းခြဲလိုက္တာအေကာင္းဆံုးလို႔ထင္ပါတယ္။
မိန္းမေကာင္းပန္းပန္တစ္ပြင့္တန္ ဆိုေပမယ့္ မေကာင္းတဲ့ပန္းကိုေတာ့ အလွပ်က္ခံၿပီးမပန္သင့္ဘူးလို႔ျမင္မိတာေၾကာင့္ပါ။
Myanmar Wedding Guide