Crush က ကိုယ့်အကြောင်းတွေးနေပြီလား။

Crush က ကိုယ့်အကြောင်းတွေးနေပြီလား။ google

တစ်ယောက်ယောက်ကို ချစ်မိလို့ တစ်ချိန်လုံးသူ့အကြောင်းပဲ တွေးနေမိတယ်ဆိုတဲ့အဖြစ်က သိပ်ကိုရိုမန့်တစ်ဆန်လွန်းပါတယ်။

 

ဒါပေမယ့် ကိုယ့်ဘက်ကပဲ သူ့အကြောင်းတွေ တွေးနေပြီး သူ့ဘက်ကတော့ ဘာမှတုံ့ပြန်မှုမရှိတဲ့အခါမှာတော့ ခံစားချက်တွေက

 

အချစ်ကနေ အမုန်းကိုတောင် ပြောင်းသွားနိုင်ပါတယ်နော်။ ဒီတော့ ကိုယ့်အတွေးထဲမှာ အမြဲနေရာယူထားတဲ့သူလေးကရော

 

ကိုယ့်ကို သတိရနေလားဆိုတာ ပြေးကြည့်စရာမလိုဘဲ သိနိုင်မယ့် နိမိတ်ပုံလေးတွေကတော့ ဒီလိုပါနော်

 

(၁) ခံစားချက်ရုတ်တရက်ပြောင်းသွားရင်

 

ကိုယ်ကပျော်ရွှင်စရာတွေကြုံနေလို့ ရယ်မောနေရာက ရုတ်တရက်ဝမ်းနည်းသွားတာမျိုး ဖြစ်တယ်ဆိုရင် သူက သင့်ကိုမတွေ့ရတဲ့အချိန်

 

သတိရပြီး ဝမ်းနည်းမိတာကြောင့် သင်ပါလိုက်ပြီး အဲ့လိုဖြစ်သွားရတာပါတဲ့။

 

တခါတလေ အထီးကျန်ပြီး စိတ်ဓာတ်တွေ ကျနေပေမယ့် ရုတ်တရက်နွေးထွေးတဲ့ ခံစားချက်မျိုးဖြစ်သွားတယ်ဆိုရင်လည်း

 

သူက ချစ်တဲ့စိတ်တွေနဲ့သင့်အကြောင်းတွေးမိလို့ပါတဲ့။

 

(၂) မျက်လုံးတစ်ဖက်က ယားလာရင်

 

မိန်းကလေးတွေမှာ ဘယ်ဘက်မျက်လုံးက ယားလာရင် သူချစ်ရတဲ့သူက လွမ်းနေတာဖြစ်ပြီး၊

 

ညာဘက်မျက်လုံးကယားလာရင်တော့ သူ့ဘက်က မိန်းကလေးအကြောင်း တွေးပြီးပျော်နေလို့ပါတဲ့။

 

ယောကျာ်းလေးတွေကတော့ အဲ့ဒါနဲ့ပြောင်းပြန်ပါ။ မျက်လုံးအလာ့ဂျစ်ဖြစ်လို့ ယားတာကို ပြောတာမဟုတ်ဘူးနော်။

 

ခဏတဖြုတ်ယားပြီး ပျောက်သွားတာမျိုးကို ပြောတာပါတဲ့။

 

(၃) ပါးပြင် ဒါမှမဟုတ် နားရွက်က ပူလာရင်

 

ပါးပြင် ဒါမှမဟုတ် နားရွက်တွေ ပူလာရင်တော့ သူက သင့်အကြောင်း တွေးရုံမက တစ်ယောက်ယောက်ကို သင့်အကြောင်းပြောပြနေလို့ပါတဲ့။

 

(၄) ကြက်သီးထလာရင်

 

သင်က ရုတ်တရက် သူ့အကြောင်း တွေးမိလိုက်တဲ့အချိန်မှာ ကြက်သီးထလာတယ်ဆိုရင် သူကလည်းသင့်အကြောင်းတွေးနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ပါတဲ့။

 

(၅) ကြို့ထိုးရင်

 

ကြို့ထိုးတာကတော့ သူက သင့်ကိုအကောင်းနဲ့ သတိရနေတာတော့မဟုတ်ပါဘူး။ သင့်အပေါ်မှာ မကျေနပ်တာတစ်ခုခုကို နက်နက်နဲနဲကို တွေးမိနေလို့ပါ။

 

(၆) သူ့အကြောင်း အိပ်မက်မက်ရင်

 

သင့်အနေနဲ့ လူတစ်ယောက်အကြောင်း ရှင်းရှင်းလင်းလင်း အိပ်မက်မက်တယ်ဆိုတာ သူက သင့်အကြောင်း အချိန်တော်တော်များမာျးတွေးနေလို့ပါ။

 

သင်လည်း သူ့အကြောင်း အများကြီးတွေးတယ်ဆိုရင် သူက သင့်ကို အိပ်မက်မက်နေမှာပါတဲ့။

 

Source: auntymay

 

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

တစ္ေယာက္ေယာက္ကို ခ်စ္မိလို႕ တစ္ခ်ိန္လံုးသူ႕အေၾကာင္းပဲ ေတြးေနမိတယ္ဆိုတဲ့အျဖစ္က သိပ္ကိုရိုမန္႕တစ္ဆန္လြန္းပါတယ္။

 

ဒါေပမယ့္ ကိုယ့္ဘက္ကပဲ သူ႕အေၾကာင္းေတြ ေတြးေနျပီး သူ႕ဘက္ကေတာ့ ဘာမွတံု႕ျပန္မႈမရွိတဲ့အခါမွာေတာ့ ခံစားခ်က္ေတြက

အခ်စ္ကေန အမုနး္ကိုေတာင္ ေျပာင္းသြားနိုင္ပါတယ္ေနာ္။ ဒီေတာ့ ကိုယ့္အေတြးထဲမွာ အျမဲေနရာယူထားတဲ့သူေလးကေရာ

ကိုယ့္ကို သတိရေနလားဆိုတာ ေျပးၾကည့္စရာမလိုဘဲ သိနိုင္မယ့္ နိမိတ္ပံုေလးေတြကေတာ့ ဒီလိုပါေနာ္

(၁) ခံစားခ်က္ရုတ္တရက္ေျပာင္းသြားရင္

ကုိယ္ကေပ်ာ္ရႊင္စရာေတြၾကံဳေနလို႕ ရယ္ေမာေနရာက ရုတ္တရက္၀မ္းနည္းသြားတာမ်ိဳး ျဖစ္တယ္ဆိုရင္ သူက သင့္ကိုမေတြ႕ရတဲ့အခ်ိန္

သတိရျပီး ၀မ္းနည္းမိတာေၾကာင့္ သင္ပါလိုက္ျပီး အဲ့လိုျဖစ္သြားရတာပါတဲ့။

တခါတေလ အထီးက်န္္ျပီး စိတ္ဓာတ္ေတြ က်ေနေပမယ့္ ရုတ္တရက္ေႏြးေထြးတဲ့ ခံစားခ်က္မ်ိဳးျဖစ္သြားတယ္ဆိုရင္လည္း

သူက ခ်စ္တဲ့စိတ္ေတြနဲ႕သင့္အေၾကာင္းေတြးမိလို႕ပါတဲ့။

(၂) မ်က္လံုးတစ္ဖက္က ယားလာရင္

မိန္းကေလးေတြမွာ ဘယ္ဘက္မ်က္လံုးက ယားလာရင္ သူခ်စ္ရတဲ့သူက လြမ္းေနတာျဖစ္ျပီး၊

 

ညာဘက္မ်က္လံုးကယားလာရင္ေတာ့ သူ႕ဘက္က မိန္းကေလးအေၾကာင္း ေတြးျပီးေပ်ာ္ေနလို႕ပါတဲ့။

 

ေယာက်ာ္းေလးေတြကေတာ့ အဲ့့ဒါနဲ႕ေျပာင္းျပန္ပါ။ မ်က္လံုးအလာ့ဂ်စ္ျဖစ္လို႕ ယားတာကို ေျပာတာမဟုတ္ဘူးေနာ္။

ခဏတျဖဳတ္္ယားျပီး ေပ်ာက္သြားတာမ်ိဳးကို ေျပာတာပါတဲ့။

(၃) ပါးျပင္ ဒါမွမဟုတ္ နားရြက္က ပူလာရင္

ပါးျပင္ ဒါမွမဟုတ္ နားရြက္ေတြ ပူလာရင္ေတာ့ သူက သင့္အေၾကာင္း ေတြးရံုမက တစ္ေယာက္ေယာက္ကို သင့္အေၾကာင္းေျပာျပေနလို႕ပါတဲဲ့။

(၄) ၾကက္သီးထလာရင္

သင္က ရုတ္တရက္ သူ႕အေၾကာင္း ေတြးမိလိုက္တဲ့အခ်ိန္မွာ ၾကက္သီးထလာတယ္ဆိုရင္ သူကလည္းသင့္အေၾကာင္းေတြးေနတဲ့အခ်ိန္နဲ႕တိုက္ဆိုင္သြားလို႕ပါတဲ့။

(၅) ၾကိဳ႕ထိုးရင္

ၾကိဳ႕ထိုးတာကေတာ့ သူက သင့္ကိုအေကာင္းနဲ႕ သတိရေနတာေတာ့မဟုတ္ပါဘူး။ သင့္အေပၚမွာ မေက်နပ္တာတစ္ခုခုကို နက္နက္နဲနဲကို ေတြးမိေနလို႕ပါ။

(၆) သူ႕အေၾကာင္း အိပ္မက္မက္ရင္

သင့္အေနနဲ႔ လူတစ္ေယာက္အေၾကာင္း ရွင္းရွင္းလင္းလင္း အိပ္မက္မက္တယ္ဆိုတာ သူက သင့္အေၾကာင္း အခ်ိန္ေတာ္ေတာ္မ်ားမာ်းေတြးေနလို႕ပါ။

သင္လည္း သူ႕အေၾကာင္း အမ်ားၾကီးေတြးတယ္ဆိုရင္ သူက သင့္ကို အိပ္မက္မက္ေနမွာပါတဲ့။

Source: auntymay

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 25 February 2020 16:43
Rate this item
(1 Vote)
Tagged under