အားလုံးပဲ မင်္ဂၤလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့ ပရိတ်သတ်တွေထဲက ချစ်သူက အဝေးရောက်နေတာကြောင့်
အားလပ်ရက်တွေကိုချစ်သူနဲ့အတူဖြတ်သန်းဖို့အခွင့်အရေးဆုံးရှုံးနေတဲ့သူတွေအတွက် အားလပ်ရက်တွေကို တစ်ယောက်တည်းဘယ်လိုကျော်ဖြတ်လို့ရလဲဆိုတာကိုပြောပြပေးချင်ပါတယ်နော်။
1.ကိုယ့်ချစ်သူရဲ့ပညာရေးကြောင့်သော်လည်းကောင်း၊နှစ်ယောက်ဘဝအတူတည်ဆောက်ဖို့စီးပွားရေးကြောင့်သော်လည်းကောင်းအားလပ်ရက်တွေမှာအတူမရှိနေနိုင်တာကပြဿနာတစ်ရပ်မဟုတ်ပါဘူးနော်။
ဖြစ်နေတဲ့အခြေအနေအမှန်ကိုနားလည်လက်ခံပေးပြီး စောင့်ဆိုင်းပေးပါ။
2.တစ်ယောက်တည်းမဟုတ်ဘူးဆိုတာသတိရပါ။ကိုယ့်မိသားစုနဲ့အားလပ်ရက်တွေကိုပျော်ပျော်ကြီးကုန်ဆုံးစေချင်ပါတယ်။
3.တက်တက်ကြွကြွနေပါ။တတ်နိုင်သမျှတစ်ယောက်တည်းမနေပါနဲ့။တစ်ယောက်တည်းအချိန်ကုန်ဆုံးစေမယ့်အစား သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာမျိုးကိုပြုလုပ်ပါ။
4.လူချင်းဝေးနေပေမယ့် စိတ်ချင်းသာ နီးနေမယ်ဆို ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်မှာပါနော်။
ဒါ့အပြင်ဆိုရှယ်မီဒီယာကြောင့်လည်း ချစ်သူနဲ့အချိန်မရွေးတွေ့နိုင်တာကြောင့် လုံးဝဝေးနေတယ်လို့ခံစားရမှာမဟုတ်ပါဘူးနော်။
5.ကိုယ့်အတွက်ကိုယ်အလုပ်လုပ်တာထက်တခြားသူတွေကိုကူညီပါ။ဒီလိုအချိန်မျိုးမှာ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ခြင်းကလည်း အကျိုးရှိပါတယ်နော်။
Reference: goalcast.com
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide