၇၈နှစ်အရွယ်ခင်ပွန်းနဲ့၁၈နှစ်အရွယ်ဇနီးတို့ လက်ထက်ပြီး၂၂ရက်မြောက်နေ့မှာ ကွာရှင်းပြတ်စဲ

၇၈နှစ်အရွယ်ခင်ပွန်းနဲ့၁၈နှစ်အရွယ်ဇနီးတို့ လက်ထက်ပြီး၂၂ရက်မြောက်နေ့မှာ ကွာရှင်းပြတ်စဲ Google

လွန်ခဲ့တဲ့တစ်လခန့်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Subang မြို့မှာ အသက် ၇၈နှစ်အရွယ်အမျိုးသားက အသက်၁၈နှစ်အရွယ်မိန်းကလေးကို လက်ထပ်ခဲ့တာကြောင့် ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။

 

ဒါပေမဲ့ သူတို့ဇနီးမောင်နှံဟာ လက်ထက်ပြီး ၂၂ရက်အကြာ ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ သောကြာနေ့မှာ ကွာရှင်းပြတ်စဲသွားခဲ့ကြပါပြီ။ ခင်ပွန်းဖြစ်သူက ဇနီးကို ကွာရှင်းစာတစ်စောင်ပေးပို့ခဲ့ပြီးနောက် Abah Sarna နဲ့ Noni Navita တို့ဟာ သူတို့ရဲ့ ၂၂ရက်သာရှိသေးတဲ့အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ကြကြောင်း Harian Metro သတင်းအရ သိရပါတယ်။ ဇနီးသည် Noniရဲ့အမ အသက်၂၉နှစ်အရွယ် lyan က သူမညီမနဲ့Abahတို့အကြား ဘာပြဿနာမှမဖြစ်ဘဲ အဲ့လိုသတင်းကြားသိရတော့ သူ့တို့မိသားစုက တုန်လှုပ်သွားခဲ့ရပြီး “အကျိုးနဲ့အကြောင်းမရှိဘဲ အဲ့လိုကိစ္စဖြစ်လာတော့ ငါအတော်လေးshockဖြစ်သွားခဲ့တယ်”လို့ ဆိုထားပါတယ်။

 

 

“ကျွန်မတို့မိသားစုက Abahနဲ့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ ပြဿနာက Abahနဲ့လက်ထက်ပွဲကို ကန့်ကွက်ချင်ခဲ့တဲ့သူ့မိသားစုဆီမှာ ရှိတာဖြစ်မယ်” လို့ဆိုထားတဲ့အပြင် Abahရဲ့လုပ်ရပ်က သူမမိသားစုကိုသိက္ခာကျစေပြီး ညီမဖြစ်သူ Noniကိုလည်း စိတ်ဓာတ်ကျစေကြောင်း ဆိုထားပါတယ်” စာကိုလက်ခံရပြီးတော့ ငါ့ညီမက တစ်နေ့လုံးအစားမစားနိုင်ခဲ့ဘူး။ ဒါမဲ့ အခုတော့ အခြေအနေပိုကောင်းလာပြီ”လို့ ဆိုထားပါသေးတယ်။ အရင်တလောက lyanဟာ ညီမ Noniက Abahနဲ့ရတဲ့ ကိုယ်ဝန်ကိုလွယ်ထားရတာကြောင့် ကွားရှင်းဖို့စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါသေးတယ်။”ဒီစွပ်စွဲချက်က လုံးဝမမှန်ကန်ပါဘူး။ဒီကိစ္စကို ဖြေရှင်းဖို့ နှစ်ဖက်မိသားစုတွေ့ဆုံဆွေးနွေးဖို့လိုတယ်”လို့ lyanက ဆိုပါတယ်။

 

 

ယခင်က Abah Sarnaနဲ့ Noniတို့ရဲ့လက်ထက်ပွဲဟာ အသက်အရွယ်ကွာခြားနေမှုကြောင့် social media ပေါ်မှာ အာရုံစိုက်မှုများစွာရရှိခဲ့ပါပြီး Abahရဲ့ Noniကို ပေးပို့တဲ့ မော်တော်ဆိုင်ကယ်၊မွေ့ယာနဲ့ဘီဒိုစတဲ့ပစ္စည်းတွေကို truckကားနဲ့တောင်တင်ရလို့ လူသိများကျော်ကြားသွားခဲ့ပါသေးတယ်။ Abah Sarnaရဲ့မင်္ဂလာလက်ဖွဲ့ပစ္စည်းဟာ စုစုပေါင်းတန်ဖိုး ရင်းဂစ် ၂၈၄၁ ပမာဏအထိရှိနေခဲ့တာပါ။ အသက်ငယ်ငယ်ဇနီးက အရင်မထားခဲ့ဘဲ ခင်ပွန်းသည်အဘိုးဘက်က အရင်ကွာရှင်းစာချုပ်ပို့ခဲ့တယ်ဆိုတော့ အိမ်ထောင်ရေးကိစ္စအကြောင်းအဖြာဖြာကို မရှင်းပြတတ်တော့ပါဘူး။

 

 

Source: newmm

Read times
Rate this item
(0 votes)