တစ်ဦးနဲ့ တစ်ဦး ဒီဘဝမှာ ဖူးစာဆုံတယ်ဆိုတာ အရင် အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကံကြောင့်လဲ ဒီဘဝမှာ ရေစက်ဆုံတာဖြစ်ပါတယ်။
မင်မင်က Wedding Guide ပရိသတ်ကြီးကို လင်မယား ဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုးကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ ပုဗ္ဗသန္နဝါသ – ရှေ့ဘဝ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏။
၂။ ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏။
အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက
သမ္မသဒ္ဓါ – သဒ္ဒါတရားချင်းတူညီ
သမသီလာ – အကျင့်ချင်းလည်းတူညီ
သမစာဂါ – စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ
သမပညာ – အယူအဆ၊ အတွေးအခေါ်၊ ပညာချင်းလည်း တူညီမည်ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်
၁ – အကျိုးစီးပွား တိုးတက်ခြင်း
၂ – ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း
၃ – ရန်သူများ မနှိပ်စက်နိုင်ခြင်း
၄ – မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မှုခဲ့ပေသည်။