မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား ပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။
(က) နှစ်ဦးသဘောတူကွာရှင်းခြင်း။
(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့်
(ဂ)အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်းတို့ ဖြစ်သည်။
ဒီနေ့တော့ မင်မင်က အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း မှာလည်း အိမ်ထောင်ရေးပြစ်မှုတွင် သာမန်အိမ်ထောင်ရေးပြစ်မှု နှင့် ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု ဆိုပြီး ပြစ်မှု ၂ခုရှိပါတယ်။
အခုမင်မင်က သာမန်အိမ်ထောင်ရေးပြစ်မှုများ ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)သာမန်အိမ်ထောင်ရေးပြစ်မှုများ
(ကက) လည်ဆည်မှု
(ခခ) လင်၏ဖောက်ပြန်မှု
(ဂဂ) နောက်မယားယူမှု
(ဃဃ) စွန့်ပစ်မှု
(ငင) သာမန်ရက်စက်မှု ဆိုပြီး ၅ချက်ထပ်မံ ခွဲထားပါတယ်။
▪️(ကက) လည်ဆည်မှု
တစ်ဦးက လိမ်လည်သည်ကို ကျန်တစ်ဦးက ယုံကြည် ၍ ထိမ်းမြားခဲ့လျှင် လွတ်လပ်စွာပေးသော သဘော ဆန္ဒမဟုတ်သဖြင့် ထိမ်းမြားခြင်း တည်မြဲခိုင်မာမှုမရှိ ချေ။
ဥပမာ- ယောက်ျားဖြစ်သူက သားကြီးမယားကြီးရှိလျက် လူပျိုပါပြော၍ လက်ထပ်ခဲ့ခြင်း၊
ယခင်မယားနှင့် ကွာရှင်းပြီးပြီဟု လိမ်လည်ပြော ဆို၍ လက်ထပ်ခဲ့ခြင်းဖြစ်လျှင် လိမ်လည်ခြင်းခံရသူ မယား၌ ထိုလင်အားကွာရှင်းခွင့်ရှိသည်။
▪️(ခခ) လင်၏ဖောက်ပြန်မှု
လင်သည် အခြားမိန်းမတစ်ဦးနှင့် #ဟိုဟာပြုလျှင် လင်၏ဖောက်ပြန်မှုဟုခေါ်သည်။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင်ယောက်ျားတစ်ဦးသည် မယားတစ်ယောက်ထက်ပို၍ ယူခွင့်ရှိရာ လင်ဖောက်ပြန်မူ သက်သက်နှင့် မယား၌ကွာခွင့် မရခဲ့ချေ။
ခရစ်ယာန်ဘာသာ၌ လင်သည် ယောက်ျား အချင်းချင်း ချစ်ကြိုက်မိလျှင် မယား၌ ကွာခွင့်ရှိသည်။
▪️(ဂဂ) နောက်မယားယူမှု
လင်သည် ပထမ မယားကြီးရှိလျက် ဖောက်ပြန်ရုံသာမက နောက်မယားယူလိုက်ပါက “ရက်စက်မှု” ဖြစ်၍ ပထမ မယား၌ ကွာရှင်းခွင့်ရှိသည်။
▪️(ဃဃ) စွန့်ပစ်မူ
လင်က မယားအား သုံးနှစ့်၊ မယားက လင်အား တစ်နှစ် မထောက်ပံ့ဘဲ စွန့်ပစ်ထားလျှင် စွန့်ပစ်ခံရသူ၌ ကွာရှင်းပိုင်ခွင့်ရှိသည်။ (မနုကျယ် ဓမ္မသတ်)
၁၈၇၄ခုနှစ် စီရင်ထုံးများ၌ စွန့်ပစ်ထားသည့် ကာလစေ့လျှင် အလိုအလျောက် ကွာရှင်းပြတ်စဲပြီး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
၁၈၉၂ခုနှစ် စီရင်ထုံးများ၌ အလိုအလျောက် မပြတ်စဲ။ တရားစွဲဆို၍ ပြတ်စဲခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။
၁၉၄၉ခုနှစ် ဒေါက်တာသာမြနှင့်မခင်ပု စီရင်ထုံး၌ စွန့်ပစ်ခံရသူက ထိမ်းမြားခြင်းကို ပျက်ပြယ်လိုသော ဆန္ဒကို အထင်အရှား သိသိသာသာ ထုတ်ဖော်ပြသရမည်။ ထိုဆန္ဒမပေးသရွေ့ ထိမ်းမြားခြင်း တည်မြဲသည် ဟု ထုံးဖွဲ့သည်။
▪️(ငင) သာမန်ရက်စက်မူ
ကိုယ်ကာယ ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ပြုလျှင် ရက်စက်မူမြောက်သည်။
ရှေးမြန်မာဓမ္မသတ်များ၌ “မယားသခင်-လင်”ဖြစ်သည့်အတွက် မယားကို လင်က တင်ပါးကို ဝါးခြမ်းပြားနှင့် ရိုက်ဆုံးမခွင့်ရှိသည်ဟု တွေ့ရသည်။
၁၈၉၀ အင်္ဂလိပ်လက်ထက် တရားရုံးများ၌ တစ်ကြိမ်တစ်ခါ ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲ၍ ဆဲရေး ခြင်းသည် ကွာခွင့်ပြုလောက်သည့် အိမ်ထောင်ရေး ပြစ်မူမဟုတ်ဟု ဆုံးဖြတ်သည်။( မောင်ရွှေဖော့အမှု )
၁၈၉၇ မကြမ်းနှင့် စုဝါအမူ၌ လင်ကမယားကို ရိုက်နှက်လျှင် လင်၌အပြစ်ရှိသည်။ တစ်ကြိမ်တစ်ခါ နှိပ်စက်လျှင်လည်း ကွာခွင့်ရှိသည်ဟု တွေ့ရသည်။
၁၉၁၇ မောင်ကျော်ရန်နှင့် မညို အမှု၌ “လင်နှင့်မယား လျှာနှင့်သွား”အခန့်မသင့်က တစ်ခါတစ်ရံ စကားများပြီး ရန်ဖြစ်တတ်ကြရာ ရန်ဖြစ်ကာမျှနှင့် ကွာရှင်းလောက်သည့် အိမ်ထောင်ရေးပြစ်ချက် ဖြစ်အောင် ပုံကြီးမချဲ့သင့်ဟု ဆုံးဖြတ်ခဲ့သည်။
၁၉၆၈ခုနှစ် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် အမူ၌ “လင်ဖြစ်သူသည် မယား၏ အရှင်သခင်ဖြစ်သည်ဆိုသော ရှေးအယူအဆများသည် ခေတ်ကုန်ပြီ။ ယခုအခါ လင်နှင့်မယားတို့မှာ တန်းတူအခွင့်အရေး ရှိပေသည်။
လင်သည် မယားအား ရိုက်နှက်ခွင့်ရှိကြောင်း ဓမ္မသတ်များတွင် ပြဆိုထားသော်လည်း ယခုအခါ လင်သည် မယားအား အနည်ငယ်မျှပင် ရိုက်ခွင့်မရှိaတာ့ပေ”ဟု ထုံးဖွဲ့ထားသည်။\
အခုဖော်ပြပေးခဲ့တာကတော့ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း အပိုင်း (၁) ဖြစ်တဲ့ သာမန်အိမ်ထောင်ရေးပြစ်မှုများ ပဲ ဖြစ်ပါတယ်။ အပိုင်း (၂)ကို ဆက်လက်ဖော်ပြပေးအုံးမှာ ဖြစ်တဲ့ အတွက် Myanmar Wedding Guide FaceBook Page ကို Like & Follow လုပ်ပေးထားပါအုံးနော်။
Crd: Zaw Win