မိန်းကလေးဆိုတဲ့အမျိုးက အချိန်ပြည့်ဂရုစိုက်နေတာမျိုးကိုလိုချင်ကြတာပါ။ ကိုယ့်ကောင်လေးက ကိုယ့်ကိုဘယ်လိုချစ်တယ်
ဘယ်လိုဂရုစိုက်တယ် ဆိုတာမျိုးကို အပေါင်းအသင်းသူငယ်ချင်းတွေကို ကြွားချင်ကြတဲ့သူတွေပါ။ ဒါ့ကြောင့် ကိုယ့်ကောင်မလေးက ကိုယ့်ကိုတမ်းတမ်းစွဲချစ်ပြီးအမြဲယုံကြည်အားထားနေစေရန်အတွက် ဂရုစိုက်ပေးရမယ့် အချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
- သူမငိုနေတဲ့အချိန်မှာ အလိုအပ်ဆုံးက သင့်ရင်ခွင်ပါ။ ဒ့ါကြောင့်ဒီလိုအချိန်မှာ စကားတွေအများကြီးမပြောပဲ သင့်ရင်ခွင်ထဲထည့်ပြီး ချော့လိုက်ပါ။
- သူမဟာသင်နဲ့ရန်ဖြစ်စကားများပြီးစိတ်ဆိုးနေပြီဆိုရင် တင်းတင်းကျပ်ကျပ်ဖက်ပြီး သူမကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါ။
- သူမသင့်ကို လျစ်လျူရှုနေတယ်ဆိုရင် သင်ကသူ့အပေါ်အာရုံစိုက်ထားလိုက်ပါ။
- သူမငြိမ်နေပြီဆိုရင် တစ်ခုခုဖြစ်နေပါပြီ။ ဒါ့ကြောင့်သူမ ဘာဖြစ်နေလဲဆိုတာ မေးပါ။
- သူမက ကိုယ့်ကိုကိုယ် ရုပ်ဆိုးတယ်လို့ပြောရင် သင်ကသူမဘယ်လောက်လှကြောင်းပြောပြလိုက်ပါ။
- သင်တို့အတူတူလမ်းလျှောက်နေတဲ့အချိန်မှာ သူမရဲ့ခါးလေးကိုဖက်ပြီး လမ်းလျှောက်ပါ။
- သူမကြောက်နေတဲ့အချိန်မှာ ကာကွယ်ပေးပါ။
- သူမသင့်ကို သံသယမျက်လုံးတွေနဲ့ကြည့်နေပြီဆိုရင် သူမ ယုံကြည်ရအောင် နေပြလိုက်ပါ။
- - သူမရဲ့မွေးနေ့မှာ ပထမဆုံးမွေးနေ့ဆုတောင်းပေးတဲ့လူဟာ သင်ပဲဖြစ်ပါစေ။
- - သူမနေမကောင်းတဲ့အချိန် ဘေးမှာနေပြီး ပြုစုဂရုစိုက်ပေးလိုက်ပါ။