အခြားနိုင်ငံက Single တွေအတွက်တော့ ချစ်သူများနေ့ပြီးရင် အသက်ရှုချောင်သွားနိုင်ပေမယ့်
ဒိန်းမတ်နိုင်ငံမှာတော့ ချစ်သူများနေ့ပြီးသွားတဲ့တိုင်အောင် အိပ်မက်ဆိုးမက်သလိုခံစားနေရဦးမှာပါပဲ။
The Telegraph သတင်းဌာနမှဖော်ပြချက်အရ ဒိန်းမတ်နိုင်ငံရဲ့လမ်းတွေဟာ သစ်ကြံပိုးခေါက်အမှုန့်များနဲ့ဖုံးအုပ်လျက်ရှိနေပြီး ဒါကသူတို့နိုင်ငံရဲ့နှစ်ပေါင်းကြာရှည်စွာတည်ရှိနေတဲ့ အလေ့အထလို့လည်းသိရပါတယ်။
ဒိန်းမတ်နိုင်ငံမှာ သင်ဟာ အသက်၂၅ နှစ်ပြည့်ပြီး ချစ်သူမရှိ၊ အိမ်ထောင်မရှိ Single ဖြစ်နေသေးတယ်ဆိုရင် မိသားစုများနဲ့ သူငယ်ချင်းများက သင့်ကို သစ်ကြံပိုးခေါက်အမွှေးနံ့သာမှုန့်များနှင့် ပက်ဖြန်းခွင့်ရှိပါတယ်။ ပက်ဖြန်းတဲ့အခါမှာလည်း သင့်ကိုငဲ့ညှာလေ့မရှိပါဘူး။ သစ်ကြံပိုးခေါက်အမှုန့်များကို ခေါင်းအစခြေအဆုံးပက်ဖြန်းတာဖြစ်ပြီး အဆိုပါအမှုန့်များ ခန္ဓာကိုယ်မှာကပ်နေစေရန် ရေနှင့်ထပ်မံလောင်းချတာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒိန်းမတ်နိုင်ငံမှာ အသက် ၂၅ နှစ်ပြည့်ပြီး Single ဖြစ်နေတဲ့သူတွေကို သစ်ကြံပိုးခေါက်အမှုန့်များပက်ဖြန်းခွင့် တရားဝင်လိုင်စင်ရရှိထားပါတယ်။ အသက် ၃၀ အရွယ်ရောက်လို့မှ အိမ်ထောင်မကျသေးဘူးဆိုရင်တော့ သစ်ကြံပိုးခေါက်အမှုန့်ကနေ အဆင့်မြှင့်တင်ပြီး ငရုတ်သီးမှုန့်များနဲ့ပက်ဖြန်းကြပါတယ်။
ကဲ ……….. ဒိန်းမတ်မှာသာဆိုရင် သစ်ကြံပိုးခေါက်မှုန့်နဲ့ ပက်ဖြန်းခံရနိုင်တဲ့ သူငယ်ချင်းတွေကို Mention ခေါ်သွားလိုက်ပါဦး။
Author – Nyi Min Khant