ချစ်သူရည်းစားတွေဟာ သူတို့ရဲ့အချစ်ရေးသက်တမ်းကြာမြင့်လာတာနဲ့အမျှ အခုလက်ရှိတွဲနေတဲ့ချစ်သူဟာ ဘ၀တစ်လျှောက်အတွက်အဖော်မွန်ကောင်း ဖြစ်မယ့်ချစ်သူမျိုးလားဆိုတာသိချင်လာကြပါတယ်။
ဒီလိုမေးခွန်းတွေကိုအဖြေထုတ်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေဟာ အချစ်ရေးနဲ့ပတ်သက်ပြီး နာရီပေါင်းများစွာအချိန်ပေးပြီး စူးစမ်းလေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကြာရှည်ခိုင်မြဲတဲ့အချစ်ရေး ကိုရရှိဖို့အတွက် အောက်ပါအချက်အလက်တွေသာ သင့်ချစ်သူမိန်းကလေးမှာရှိနေခဲ့တယ်ဆိုရင် သူမကိုလက်မလွှတ်သင့်တော့ပါဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ü လူတစ်ဦးနဲ့တစ်ဦး IQ လို့ခေါ်တဲ့ ဥာဏ်ရည်ဥာဏ်သွေးချင်းတော့ မတူညီကြတဲ့အတွက် သင့်ချစ်သူမိန်းကလေးဟာ သင့်ထက်ပိုပြီး စူးရှထက်မြက်တယ်ဆိုရင် ဒီမိန်းကလေးမျိုးကိုလက်မလွှတ်သင့်တော့ပါဘူး။
ü ရိုးသားတဲ့မိန်းကလေး
ü သူများအပေါ်မှာ ကောင်းတဲ့အမြင်နဲ့ကြည့်တတ်တဲ့မိန်းကလေး
ü အရာရာမှာ မိမိနဲ့ညှိနှိုင်းဆောင်ရွက်တတ်တဲ့မိန်းကလေး
ü သင်ပြောတဲ့ ဟာသတွေကို နားထောင်ပြီးရယ်မောတတ်တဲ့မိန်းကလေး
ü သိုသိပ်ထားတာမျိုးတွေမရှိဘဲ ပွင့်လင်းစွာပြောဆိုတတ်တဲ့မိန်းကလေး
ü သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သူမရဲ့အရေးကြီးတဲ့အရာများထက် ဦးစားပေးပြီး သင့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တဲ့မိန်းကလေး
ü ကြင်နာတတ်တဲ့မိန်းကလေး
ü ချစ်သူရည်းစားချင်းရန်ဖြစ်စကားများကြတဲ့အခါ ဒေါသကိုရှေ့တန်းမတင်ဘဲ ဖြစ်လာတဲ့ပြဿနာကိုအေးဆေးစွာ ရင်ဆိုင်ဖြေရှင်းတတ်တဲ့မိန်းကလေး
ü သင်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ အပြစ်မတင်မဝေဖန်ဘဲ သင့်ဘေးနားကနေ နှစ်သိမ့်အားပေးတတ်တဲ့မိန်းကလေး
ü သင်နဲ့ဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ ရန်ဖြစ်ခဲ့တာတွေ အပေါ်မှာ အငြိုးအတေးမထားတတ်တဲ့မိန်းကလေး
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ ကိုယ့်ချစ်သူမိန်းကလေးက ကိုက်ညီနေပြီဆိုရင်တော့ ဒီလိုမိန်းကလေးမျိုးကို ကိုယ့်ဘက်ကနေလက်မလွှတ်သင့်တော့ဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားပါတယ်။ အဆိုပါအချက်အလက်တွေ အကုန်လုံးနဲ့ကိုက်ညီဖို့ကသိပ်တော့မလွယ်ကူပေမယ့် အချက်တော်တော်များများနဲ့ ကိုက်ညီတဲ့မိန်းကလေးကတော့ သင့်ဘ၀ရဲ့လက်တွဲဖော်ဖြစ်လာမှာမလွဲပါပဲ။
Author – Nyi Min Khant