အင်္ဂါသားသမီးအများစုဟာ အချစ်ကြီးတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ချစ်သူအပေါ်မှာလည်း သစ္စာရှိသလောက်
ချစ်မိပြီဆိုရင် အချစ်ရေးကိုလေးစားတန်ဖိုးထားတတ်ကြပါတယ်။ သူတို့ကိုမုန်းအောင်တော့သွားမလုပ်မိပါစေနဲ့။ လူတစ်ယောက်ကိုမုန်းပြီဆိုရင် ဘယ်တော့မှပြန်လှည့်မကြည့်တတ်တဲ့သူတွေပါ။
အင်္ဂါသားသမီးအများစုဟာ ရုပ်ရည်ချောမောသလို စိတ်သဘောထားဖြူစင်ကြပါတယ်။ စိတ်ဓာတ်တော့အနည်းငယ်ပျော့ညံ့တတ်ကြပေမယ့် ဆုံးဖြတ်ချက်ချရာမှာတော့ ခိုင်မာပြီးဇွဲဝီရိယရှိကြတဲ့သူတွေလည်းဖြစ်ပါတယ်။
Read More: ချစ်သူအပေါ်တန်ဖိုးထားတဲ့ချစ်ခြင်းမျိုးဖြစ်ပါစေ
အင်္ဂါသားသမီးတွေနဲ့ရင်းနှီးချင်းမရှိဘဲ ပထမဆုံးတွေ့ဖူးတဲ့သူအနေနဲ့ဆိုရင်တော့ သူများကိုအလေးပေးမဆက်ဆံတတ်ကြတဲ့လူတွေလို့ထင်ကြမှာပါ။ ဒါပေမယ့် သူတို့နဲ့ထဲထဲဝင်ဝင်ပေါင်းကြည့်တော့မှ စိတ်သဘောထားပြည့်ဝတဲ့သူတွေဆိုတာသိရမှာပါ။
အင်္ဂါသားသမီးတွေဟာ အစားအသောက်ကိုသူများထက်ပိုပြီးကြိုက်တတ်ကြတဲ့သူတွေဖြစ်ပြီး ချစ်သူနဲ့ချိန်းတွေ့ရင် စားသောက်ဆိုင်တွေမှာပဲ တွေ့ဖြစ်ကြတာများပါတယ်။ ရည်ရုပ်ချောမောလှပတဲ့ အင်္ဂါသားသမီးတွေကို ရည်းစားရှိတယ်လို့ထင်ကြပေမယ့် တကယ်တမ်းတော့ အချစ်ရေးမှာကံသိပ်မကောင်းတတ်ကြတဲ့သူတွေဖြစ်ပါတယ်။
Source – Lwin Pyin