သုတေသနပညာရှင်များရဲ့အဆိုအရ အိမ်ထောင်ကျပြီးသားစုံတွဲများဟာ Single များထက်ဘ၀မှာ
စိတ်ကျေနပ်စရာတွေပိုရှိနေတယ်လို့သိရပါတယ်။ နှစ်ယောက်တစ်ဘ၀ ထူထောင်ထားတဲ့သူတွေအနေနဲ့ ဘာအခက်အခဲပဲရှိရှိအတူတူရင်ဆိုင်နိုင်သလို၊ ဘ၀ရဲ့နောက်ဆုံးအချိန်မှာလည်း တစ်ယောက်တည်းအထီးကျန်စွာနဲ့ လောကကြီးကနေထွက်သွားရမှာ စိုးရိမ်ပူပန်စရာမလိုတဲ့အတွက် အိမ်ထောင်သည်တွေဟာ စိတ်ပျော်ရွှင်မှုများစွာကိုခံစားရမှာဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
သုတေသနပညာရှင်တွေရဲ့ ၂၀၁၁ ကနေ ၂၀၁၃ ကြားဗြိတိန်နိုင်ငံရှိလူအယောက် ၃၂၈၀၀၀ အားမေးမြန်းစုံစမ်းချက်အရ သူတို့ရဲ့အိမ်ထောင်သည်ဘ၀ဖြတ်သန်းနေထိုင်မှုဟာ Single ဘ၀တုန်းကထက် ပိုပြီးပျော်ရွှင်ရသလို၊ စိတ်ကျေနပ်မှုတွေကိုလည်း ပိုပြီးရရှိခဲ့တယ်လို့သိရပါတယ်။ သက်လတ်ပိုင်းအရွယ်အိမ်ထောင်သည်တွေကို သုတေသနပြုလုပ်တဲ့အခါမှာလည်း ချစ်သူနဲ့ အိမ်ထောင်ပြုခြင်းဟာ ဘ၀မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အကောင်းဆုံးစစ်ကူခေါ်ယူလိုက်ခြင်းပဲဖြစ်တယ်လို့သိရပါတယ်။
သုတေသနပညာရှင်တွေရဲ့ထပ်မံတွေ့ရှိချက်အရ အဆိုပါအိမ်ထောင်သည်တွေများထဲမှာမှ တစ်ဦးနဲ့တစ်ဦး အရင်းနှီးဆုံးသူငယ်ချင်းတွေလို ဆက်ဆံရေးမျိုးရှိတဲ့ စုံတွဲတွေဟာ အိမ်ထောင်ရေးသုခကိုပိုပြီးခံစားရလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
Read More: အိမ်ထောင်သည်များကြားရန်ဖြစ်ရခြင်းအကြောင်းရင်း(၄)ချက်
Author – Nyi Min Khant