လွန်ခဲ့တဲ့တစ်ပတ်က ကျွန်တော့်ကောင်မလေးကသူ့အိမ်ကို အလည်ခေါ်တယ်ဗျ။ သူ့အိမ်ရောက်သွားတော့
တစ်အိမ်လုံးမှာ သူ့ညီမတစ်ယောက်ပဲရှိတယ်။ သူ့ညီမလေးက ဘယ်လောက်လန်းပြီးစွဲဆောင်မှုရှိလည်းဆိုရင် ပြောပြရင်တောင်ယုံမှာမဟုတ်ဘူးဗျ။ အဲ့ဒီနေ့မှာမှ ကောင်မလေးကမီနီစကပ်တိုတိုလေးကို ဝတ်ထားပြီး အတွင်းခံဘရာစီယာ လည်းဝတ်မထားဘူး။
သူ့အစ်မက အရေးကြီးကိစ္စနဲ့ အပြင်ကိုထွက်သွားတယ်။ ညနေမှ ပြန်လာမယ်ဆိုတဲ့အကြောင်း ပြောပြဖို့ သူ့ကိုမှာထားတယ်တဲ့။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့က လက်ထပ်ဖို့ တစ်ပတ်၊ နှစ်ပတ်လောက်ပဲ လိုတော့တာဗျ။ ဒါနဲ့သူ့ညီမလေးနဲ့ စကားပြောနေတုန်း အဲ့ဒီကောင်မလေးက ကျွန်တော့်အနားကိုကပ်ပြီး တိုးတိုးလေးပြောတယ်။ ကျွန်တော့်ကို သူသဘောကျနေတာတဲ့ ဘယ်လိုမှလည်းဆက်ပြီးမြိုသိပ်ထားလို့မရတော့ဘူးဆိုပဲ။
ကျွန်တော့်တစ်ဘဝလုံးကိုသူ့အစ်မဆီ မပုံအပ်လိုက်ခင် ကျွန်တော်နဲ့ တစ်ကြိမ်လောက်ဖြစ်ဖြစ် အတူတူနေချင်တယ်တဲ့။ သေဟ …. ကျွန်တော်တော်တော်လေး လန့်သွားတယ်။ ဘာစကားမှတောင် ပြန်မပြောနိုင်တော့ဘူး။ ဒါနဲ့ ကောင်မလေးက ဆက်ပြောတယ်။ “ညီမအိပ်ခန်းထဲ သွားတော့မယ်။ တကယ်လို့ နောက်ဆုံးအနေနဲ့ အတူတူ ပျော်ပါးချင်တယ်ဆိုရင် ညီမဆီလာခဲ့ပါနော်” တဲ့။
ကျွန်တော်ချက်ချင်းပဲ ချာခနဲလှည့်ပြီး ကားဆီသွားဖို့ အိမ်ရှေ့တံခါးမကြီးဆီလျှောက်သွားလိုက်တယ်။ တံခါးလည်းဖွင့်လိုက်ကော၊ ဟား … တစ်မိသားစုလုံးပါလား။ ကျွန်တော့်ရဲ့ယောက္ခမလောင်းမိသားစုပေါ့ဗျာ။ အားလုံး လက်ခုပ်တွေတီးနေကြတယ်။
ယောက္ခထီးကြီးဆို မျက်ရည်တွေဝဲပြီး ကျွန်တော့်ကိုလာဖက်တယ်။ “ဦးတို့ကမင်းရဲ့ကိုယ်ကျင့်တရားကို စမ်းသပ်ခဲ့ကြတာပါကွာ၊ မင်းအောင်မြင်ခဲ့တဲ့ အတွက်အရမ်းကို ဝမ်းသာမိတယ်၊ ဦးသမီးအတွက် မင်းထက်သာတဲ့လူမျိုး ဘယ်မှာသွားရှာလို့ ရပါတော့မလဲ၊ ဦးတို့မိသားစုကမင်းကိုကြိုဆိုပါတယ်ကွာ” တဲ့ ကိုင်း …… ။
Source – Pann Chit Thu