Goodyfeed လို့ခေါ်တဲ့ကမ္ဘာကျော် Lifestyle Website တစ်ခုမှာ ချစ်သူကိုအသည်းယားတိုင်းကိုက်တတ်တဲ့ကောင်မလေးများဟာ
ဘ၀အတွက်လက်တွဲဖော်ကောင်းများဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာအသည်းယားလာလို့ သွားလေးနဲ့ဖွဖွလေးကိုက်တတ်တဲ့ကောင်မလေးကို ရရှိထားတဲ့သူကတော့ ကံကောင်းတယ်လို့သိရပါတယ်။
အကိုက်ခံရသူကိုယ်တိုင်က ကျေနပ်ပြီးငြိမ်ခံနေတယ်ဆိုတာ ချစ်စနိုးအမူအရာလေးတွေနဲ့ကိုက်တတ်တဲ့ ကောင်မလေးတွေရဲ့ချစ်သူကောင်လေးတွေမှာသာ ခံစားဖူးတာပါ။ မနာပေမယ့် သွားရာလေးထင်နေတာလေးကိုက ကိုယ့်ကောင်မလေးက ကိုယ့်ကိုအဆုံးစွန်ထိချစ်တယ်လို့ခံစားရစေမှာပါ။
လည်ပင်းတို့ ရင်ဘတ်တို့ကိုအကိုက်ခံရရင်တော့ ရင်ခုန်စရာကောင်းတဲ့အချစ်ကို ခံစားရမှာဖြစ်ပြီး ကိုယ့်ချစ်သူဘယ်လောက်အထိ အချစ်စိတ်ပြင်းပြနေပြီလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။
နောက်ပြီး ဒီလိုမျိုးခဏခဏကိုက်တတ်တဲ့ကောင်မလေးဟာ သူကိုယ့်ကိုဘယ်လောက်ချစ်ကြောင်း စကားလုံးတွေနဲ့ပြောတာထက် ပိုထိရောက်တဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ တစ်ခါတစ်လေမှာ မထင်မှတ်တဲ့အပြုအမူလေးတစ်ခုဟာ စကားလုံးတွေအများကြီးပြောခြင်းထက်ပိုထိရောက်နိုင်ပါတယ်။
ဒီလိုကိုက်တတ်တဲ့အကျင့်ရှိတဲ့ ကောင်မလေးများဟာ ဆက်ဆံရေးမှာလည်း မိတ်ဆွေအပေါင်းအသင်းတွေထဲကမှ တကယ်ခင်တဲ့သူတွေကိုသာပေါင်းတတ်ပြီး ချစ်သူအပေါ်မှာလည်း တကယ်ချစ်ရင် ဘယ်တော့မှမခွဲဘူးဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိတဲ့သူတွေဖြစ်ပါတယ်။
ချစ်စနိုးအမူအရာနဲ့ကိုက်တတ်တဲ့ကောင်မလေးတွေဟာ သံယောဇဉ်ကြီးသူတွေလည်းဖြစ်ကြပါတယ်တဲ့။ ဒီလိုကောင်မလေးတွေဟာ သူတို့သံယောဇဉ်တွယ်ပြီဆိုရင် ဘာနဲ့ဖြတ်ဖြတ် မပြတ်နိုင်အောင်ချစ်မယ့် အချစ်ရေးကို ဖန်တီးနိုင်သူတွေပါပဲ။
Read More: ချစ်သူလိုတစ်မျိုးမိခင်လိုတစ်မျိုးချစ်နိုင်တဲ့မိန်းကလေးတွေဆိုတာ
Source – Aunty May