တနင်္ဂနွေသားသမီးတွေဟာ ရုပ်ရည်အရမ်းကြီးချောမောလှပတဲ့အထဲမှာတော့မပါပေမယ့် ရုပ်မဆိုးကြပါဘူး။
လှပတဲ့နှုတ်ခမ်းပိုင်ရှင်တွေလည်းဖြစ်ပါတယ်။
သူတို့ရဲ့အကြီးမားဆုံးဝါသနာကတော့ အိပ်တာဖြစ်ပြီး ဘယ်တော့မှ အစောကြီးမထချင်ကြတဲ့သူတွေပါ။
စိတ်ညစ်စရာရှိရင် သူများကိုရင်ဖွင့်တတ်ခြင်းမရှိဘဲ တစ်ယောက်တည်းကျိတ်မှိတ်ခံစားတတ်ကြပြီး သူတို့အတွက် အကောင်းဆုံးအဖော်မွန်ကတော့ သီချင်းတွေပါပဲ။
သူတို့ဟာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျတတ်ကြပြီး အကောင်းကြိုက်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။
ငွေကြေးနဲ့ပတ်သက်ပြီးလည်း နှမြောတွန့်တိုခြင်းမရှိကြပါဘူး။
လူကြီးတစ်ယောက်ပုံဖမ်းထားပေမယ့် ကလေးစိတ်မပျောက်သေးကြတဲ့သူတွေပါ။ ချစ်သူအပေါ်မှာလည်း အချစ်ကြီးသလောက် တစ်ယောက်တည်းအပေါ်မှာပဲ သူတို့ရဲ့အချစ်တွေကိုပုံအပ်ထားကြတဲ့သူတွေပါ။
ခဏတာပဲ စိတ်ဆိုးတတ်ကြတဲ့သူတွေဖြစ်ပြီး စိတ်နာသွားရင်တော့ ဟန်ဆောင်ပြီး မပြုံးပြတတ်ကြပါဘူး။
သစ္စာတရားကိုလက်ကိုင်ထားတဲ့သူတွေဖြစ်လို့ သူများအပေါ်မှာ သစ္စာရှိသလို သူတို့ကိုသစ္စာဖောက်ရင်တော့ အရမ်းမုန်းတတ်ကြပါတယ်။
တနင်္ဂနွေသားသမီးတွေ မှန်ရင် Share လိုက်တော့ဗျို့။
Credit – JTZ
Read More: ကြာသပတေးသားသမီးတွေကိုရထားတဲ့သူတွေအတွက်