ညတစ်ညမှာ အရက်သမား တစ်ယောက် ဟာ အရက် အရမ်းမူးပြီး အိမ် မပြန်တတ်ပဲ ရွာ လည်နေပါတယ်။
” ဒိုးခ ဘဲကွာ –
ငါ အိမ်ကို ဘယ်လို ပြန်ရမလဲ မသိတော့ဝူး အေ့ – ”
အရက်သမားက ယိုင်တိ ယိုင်တိုင်ဖြင့် လျှောက်လာရင်း ရဲစခန်း ရှေ့သို ရောက်လာတယ်။
ရဲစခန်းရှေ့မှ “ကူညီပါရစေ” ဆိုင်းဘုတ်အား မြင်သွားတဲ့အခါ
” ဟား အတော်ပဲ ကူညီပါရစေတဲ့ ဝင်ပြီး အကူအညီ တောင်းကြည့်မှ ”
အရက်သမားက ရဲစခန်း အတွင်းသို့ ယိုင်တိ ယိုင်တိုင်ဖြင့် ဝင်လာပြီး အရင်ဆုံးတွေ့တဲ့ ရဲသားကို ပြောလိုက်တယ်။
”ဟျောင့် – ငါ လမ်းပျောက် နေလို့ကွာ -အဲ့ဒါ -ငါ့အိမ်ကို လိုက်ပို့ ပေးစမ်းပါ ”
ရဲသားက ဘာမှ ပြန်မပြောပဲ စခန်းမှုးအား
“ဘယ်လိုလဲ ဆရာ ”
ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ လှမ်းကြည့်တယ် ။
စခန်းမှူးက ဘာမျ ပြန်မပြောပဲ
“အချုပ်ထဲ ထည့်ထားလိုက်”
ဆိုတဲ့ သဘောဖြင့် အတွင်းဘက်သို့ လက်ဖြင့် ညွန်ပြလိုက်တယ်။
ဒါနဲ့ ရဲသားလည်း
“လာ လာ ခင်ဗျား အိမ်ကို လိုက်ပို့ပေးမယ်”
ရဲသားက ပြောပြီး အရက်သမားအား တွဲ၍ အချုပ်ခန်းသို့ ခေါ်သွားတယ်
ပြီးလျင် အချုပ်ခန်း တံခါးအား ဖွင့်၍
” ကဲ ရောက်ပြီ ဒါ ခင်ဗျား အိမ်ပဲ”
အရက်သမားက
” ဟားး ငါ့အိမ်က နီးနီးလေးပဲကို အဟားဟား အေးအေး ကျေးဇူးပဲကွာ
ဪ နေအုံး နေအုံး အေ့ .. မင်း မုန့်ဖိုး ယူသွားလိုက်အုံး ”
အရက်သမားက အိတ်ကပ်ထဲမှ ငါးရာတန် တစ်ရွက်ကို ထုတ်ပြီး ရဲသားအား ပေးလိုက်တယ်။ ရဲသားက လျင်မြန်စွာ “ဖတ်” ကနဲ ယူလိုက်ပြီး အရက်သမားအား အချုပ်ခန်းထဲ ထည့်၍ ထွက်သွားတယ်။
အရက်သမားက အချုပ်ခန်းတွင်း ရောက်သော်
” မိန်းမရေ အချစ်ရေ ကိုယ်ပြန်လာပြီလေ”
အချုပ်ခန်းထဲမှာတော့ အရင်ရောက်ရှိနေတဲ့ ရပ်ကွက် လူမိုက် ဖိုးတေက ဘေးတစောင်းလေး အိပ်ပြီး အိပ်မော ကျနေတယ် ဒါကို မြင်သွားတဲ့ အရက်သမားက ကြည့်ပီး
” အံမယ် ငါ့မိန်းမတောင် ငါ့ကို စောင့်ရင်း အိပ်ပျော်နေပါလား ”
” မိန်းမရေ ချစ်လေးရေ ပူတူတူးလေးရေ အိပ်နေပြီလား ဝေ အေ့”
အရက်သမားက ပြောရင်းနဲ့ ဘေးတစောင်းလေး အိပ်နေတဲ့ ဖိုးတေရဲ့နောက်ကနေ ဝင်အိပ်ပြီး ဖိုးတေကို ခွပြီး ဖက်ထား လိုက်တယ်။ ဖိုးတေက အနည်းငယ် တွန့်သွားရုံက လွဲလို့ မနိုးပဲ ဆက်အိပ်နေတယ်။
အရက်သမားကလည် ဖိုးတေကို သူ့မိန်းမ အမှတ်နဲ့ ပွတ်သပ်နေတယ် ပြီးတော့ စိတ်ပါလာတာနဲ့ ဖိုးတေရဲ့ နားရွက်ကို လျှာလေးနဲ့ ထိုးပြီး ကလိ နေပြန်တယ်။
ဖိုးတေကလည်း တော်တော် အအိပ်ကြီးပုံ ရပါတယ် ယားပြီး ခဏ တွန့်ရုံက လွဲလို့ မနိုးပြန်ဘူး။
နောက်တော့ အရက်သမားက ဖိုးတေရဲ့ ရင်ဘတ်ကို သွားစမ်း ကြည့်ပြီး အံ့သြသွားတယ်။
” ဟင် — ငါ့ မိန်းမ ရင်သားတွေက ပြားချပ်နေပါလား – ဘယ်ရောက် ကုန်ပါလိမ့်
ဟာ- မဟုတ်သေး ပါဘူး – သေချာအောင် အင်္ကျီချွတ်ပြီး စမ်းကြည့်မှ ”
အရက်သမားက ဖိုးတေကို ပက်လက် ဆွဲ လှန်လိုက်ပြီး အပေါ်က တက်ခွလို့.. ဖိုးတေရဲ့ အင်္ကျီ ကြယ်သီးကို ဖြုတ်ပါတော့တယ်။
ဒီတော့မှ လူမိုက် ဖိုးတေက နိုးလာပြီး သူ့ကို အပေါ်က ခွပြီး အက်ျင်္ီ ချွတ်နေတဲ့ အရက်သမား ကိုလည်း မြင်ရော လန့်သွားပြီး
” ဟာ –ဟေ့လူ -ခင်ဗျား ခင်ဗျား –ဒါ ဘာလုပ်တာလဲ – သွားစမ်း သွားစမ်း ”
လူမိုက်ဖိုးတေက အရက်သမားကို သူ့ ကိုယ်ပေါ်က တွန်းချပြီးကြယ်သီး ပြုတ်နေတဲ့ သူရင်ဘတ်ကို အလျင်အမြန် ဖုန်းအုပ်လို့ အချုပ်ခန်းထောင့်လေးကို နောက်ဆုတ်နောက်ဆုတ်နဲ့ ကပ်သွားတယ်။
ဖိုးတေရဲ့ ကြောက်လန့် နေတဲ့ ပုံကို ကြည့်ပြီး အရက်သမားက သူ မှားသွားပြီ ဆိုတဲ့ အတွေးနဲ့ သူ့နဖူးကို သူရိုက်လိုက်ပြီး ဤသို့ ပြောလိုက် ပါတော့တယ်။
” ဟိုက်… သေစမ်း
ငါ ခယ်မ အခန်းထဲ မှားဝင်မိ ပါရော့လား ” တဲ့
Credit: လူချွန်တော်