ချစ်သူနှစ်ယောက်အိမ်ထောင်ရှင်ဘဝကို အတူတူတည်ထောင်ပြီးတဲ့နောက်မှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကိုတည်ထောင်ဖို့ဆိုတာ
အိမ်ထောင်ရှင်တိုင်းရဲ့ ဆန္ဒပါ။ဒါပေမဲ့ အိမ်ထောင်ရှင်ဘဝကိုကူးပြောင်းပြီးတဲ့နောက်မှာ တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးသိလာတဲ့အခါမှာ ချစ်ခြင်းတစ်ခုတည်းဟာ အိမ်ထောင်ရေးကို မြဲမြံအောင် မချည်နှောင်နိုင်တော့ပါဘူး။
အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ အိမ်ထောင်ဦးစီးအမျိုးသားကို လေးစားရမယ်ဆိုတာ မြန်မာလူကြီးမိဘအများစုက အိမ်ထောင်ရှင်အမျိုးသမီးတွေကို လက်ဆင့်ကမ်းပေးလာတဲ့ ဆုံးမစကားလေးတစ်ခုပါ။တကယ်တော့
အိမ်ထောင်ရေးတစ်ခုတည်တံ့ဖို့ဆိုတာ ဇနီးသည်က ခင်ပွန်းသည်ကို လေးစားသလို ခင်ပွန်းသည်ကလည်း ဇနီးသည်ကိုလေးစားတန်ဖိုးထားဖို့လိုပါတယ်။
မိမိဆက်ဆံစေချင်သလို အိမ်ထောင်ဖက်ကိုဆက်ဆံမယ်။
မိမိကိုပြောဆိုစေချင်သလိုအိမ်ထောင်ဖက်ကိုပြောဆိုမယ်။
မိမိကိုဂရုစိုက်စေချင်သလိုအိမ်ထောင်ဖက်ကိုဂရုစိုက်မယ်ဆိုရင် အချစ်တွေနဲ့အတူ တာဝန်ဝတ္တရားတွေ ထမ်းဆောင်မှုတွေပါလာတဲ့ အိမ်ထောင်ရေးတစ်ခုသာယာပျော်ရွှင်လာမှာ အသေအချာပါပဲ။
ဇနီးမောင်နှံတွေဟာ တစ်ယောက်ရဲ့တစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပါပဲတစ်ခါတစ်လေမှာ မိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကိုတောင်မနှစ်သက်တဲ့အခိုက်အတန့် တွေရှိတတ်တာကြောင့် ဇနီးမောင်နှံတွေအနေနဲ့လည်း
တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ချစ်ခင်စုံမက်နေမှာမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချို့ချို့ဖဲ့ဖဲ့ မပြောခြင်းဟာမြတ်နိုးတန်ဖိုးထားခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့သူ လေးစားတတ်တဲ့သူဟာ
တစ်ပါးသူရဲ့ အခွင့်အရေးနဲ့ တန်ဖိုးတွေကိုလည်း လေးစားတန်ဖိုးထားတတ်နိုင်မှာပါ…..
Source;GandaWin Magazine