အိမ်ထောင်သက် ၉ နှစ်ကျော်အကြာမှာ မနေ့ကအခင်ဆုံး သူငယ်ချင်းတစ်ယောက်ကမေးလာပါတယ်။ကျွန်တော် အမှန်အတိုင်း ဖြေလိုက်ပါတယ်။ ဒါ အမှန်အတိုင်း ဖြေတာပါ။အိမ်ထောင် တစ်ခုမှာ ချစ်လို့ လက်ထပ်သည်ဖြစ်စေ...မချစ်ဘဲနဲ့လက်ထပ်သည်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက် ရိုးအီ လာတာဟာ မလွဲမသွေကြုံရမယ့် အခြေအနေတစ်ခုပါ။
အိမ်ထောင်မကျခင်ချစ်သူရည်းစားဘဝမှာ လက်ကလေးထိမိရုံနဲ့ဓာတ်လိုက်သလိုဖြစ်ပြီး တစ်ညလုံးအိပ်မပျော်တဲ့ ညတွေရှိခဲ့ပါလိမ့်မယ်။အိမ်ထောင်သက် ကြာလာတာနဲ့အမျှ သူ့အသားဟာ ကိုယ့်အသားဖြစ်သွားပါပြီ သူ့ခန္ဓာကိုယ်ကိုထိရင် ကိုယ့်ခန္ဓာကိုယ်ကို ပြန်ထိရသလိုပါပဲ။ ဒီလိုအခြေအနေကို ရောက်လာရင်တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့သိပ်အရေးကြီးပါတယ်။အချစ်နဲ့ လက်ထပ်ခဲ့တဲ့ စုံတွဲတွေအတွက် ဒါဟာ အရေးကြီးကိစ္စ မဟုတ်ပေမယ့် အချစ်မပါတဲ့ အိမ်ထောင်ရေးအတွက် ကတော့ ဒီလိုအခြေအနေမှာ အမှားများတတ်ပါတယ်။ကျွန်တော်တို့ အိမ်ထောင်ရေးမှာ ဓာတ်လိုက်တဲ့ ခံစားမှုမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက်တော့ ပိုတိုးလို့ ချစ်လာပါတယ်။
သူ့မှာ အပျိုဘဝတုန်းကလို ခန္ဓာကိုယ်မျိုးမရှိတော့ပါဘူး .. ဒါပေမယ့် အလုပ်ကပင်ပင်ပန်းပန်းဖြစ်နေတဲ့အချိန်သူ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီးအနားယူရတာကို ဘယ်အကောင်းဆုံး အိပ်ယာနဲ့မှ မလဲနိုင်ပါဘူး။သူ့မှာ အပျိုဘဝတုန်းကလို မွှေးကြိုင်တဲ့ရေမွှေးနံ့မရှိတော့ပါဘူး... ကျွန်တော်စားဖို့ ချက်ပြုတ်ထားတဲ့အတွက် ဟင်းစော်နံနေတဲ့ ခန္ဓာကိုယ်ကို ကျွန်တော်မြတ်နိုးစွာနမ်းရှိုက်နေဆဲပါ။တစ်ယောက်ကိုတစ်ယောက် အချစ်တွေနဲ့ဖန်တီးထားတဲ့ကမ္ဘာမှာ ကျွန်တော်ရယ် သူရယ် သမီးလေးနှစ်ယောက်ရယ် ပျော်ရွှင်နေပါပြီ...ရိုးသွားလို့ ဆိုတဲ့အကြောင်းပြချက် လေးနဲ့တော့ ကျွန်တော်တို့ အသိုက်အမြုံလေးကို အထိခိုက်မခံနိုင်ပါဘူး …..။
Credit;Sai Pan Sang Hlaing