အချစ်ရေးမှာအမြဲစိတ်အခန့်မသင့်ဖြစ်နေကြလား ။ ဒါဆိုအကောင်းဆုံးနည်းလမ်းလေးတစ်ခုပေးပါမယ် ။ တစ်ယောက်နဲ့တစ်ယောက် မာဆတ် (Massage ) ဝင်ပေးလိုက်ပါ ။
ဒီလိုအပြန်အလှန်နှိပ်နယ်ပေးခြင်းကနှစ်ဦးစလုံးအတွက်စိတ်ပိုင်းဆိုင်ရာရောကျန်းမာရေးအတွက်ပါအရမ်းကောင်းမွန်ကြောင်းနားလည်တတ်ကျွမ်းသူတွေကဆိုပါတယ် ။ လေ့လာမှုတွေအရ တ
စ်ယောက်နဲ့တစ်ယောက်ပုံမှန်နှိပ်နယ်ပေးလေ့ရှိတဲ့စုံတွဲတွေဟာဘဝမှာစိတ်ချမ်းသာပြီးကျန်းမာပျော်ရွှင်နေကြတာကိုတွေ့ရှိရပါတယ် ။နှိပ်နယ်ပေးခြင်းကအချစ်ရေးကိုလည်းပိုပြီးနွေးထွေးစေပါ
တယ် ။ Beauty Spa (သို့) မာဆတ်ဆိုင်တွေမှာကဲ့သို့ professional ကျကျနှိပ်နယ်ပေးနိုင်လျှင်ပိုကောင်းပါတယ် (ဘယ်လိုနှိပ်လည်း လေ့လာထားဖို့တော့ လိုတာပေါ့နော်..) ။ အကယ်၍အဲ့လို
မနှိပ်နိုင်လျှင်လည်းလွယ်ကူတဲ့နှိပ်နယ်ပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ် ။ လည်ပင်း ၊ပုခုံး ၊ လက် ၊ ခြေထောက် ၊ ခြေဖဝါး ၊ ကြောပြတို့လိုနေရာအနှံ့ကိုနှိပ်ပေးပါ ။နှိပ်နယ်ခြင်းက စိတ်ဖိစီးမှုေ
ညာင်းညာကိုက်ခဲမှု ၊ သွေးလှည့်ပတ်မှု တို့ကိုကောင်းမွန်စေပါတယ် ။ အနှိပ်ခံသူရော ၊ နှိပ်ပေးတဲ့သူပါစိတ်ကျေနပ်ပြီးပျော်ရွှင်သောခံစားချက်ကိုရရှိမှာပါ ။ မယုံလျှင် စမ်းကြည့်ပါ ။ မနှိပ်ခင်ခံစား
ချက်နဲ့ အနှိပ်ခံပြီးခံစားချက်က မတူတာကိုတွေ့ရမှာပါ ။ ဇနီးမောင်နှံများနေ့စဉ်မဟုတ်တောင် တစ်ပါတ် ၃ရက်ခန့်အိပ်ခါနီးအချိန်ဖြစ်စေ ၊ အားလပ်တဲ့အချိန်ဖြစ်စေ အပြန်အလှန်နှိပ်နယ်ပေးတ
တ်တဲ့အကျင့်ပြုလုပ်ပြီး ဇနီး ၊ခင်ပွန်းရဲ့ အချစ်တွေကိုပိုပိုကဲကဲရယူလိုက်ပါနော်…
Credit;shweinnlay