မိန်းမတိုင်းဟာသူချစ်တဲ့ယောင်္ကျားတစ်ယောက်အတွက်တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်ပဲဖြစ်ချင်ကြပါတယ်..
မိန်းမတစ်ယောက်အတွက်ကိုယ်ချစ်တဲ့သူဆီကဂရုစိုက်မှု ကြင်နာမှု ဆိုတာတန်ဖိုးမဖြတ်နိုင်တဲ့ကံကောင်းခြင်းတစ်ခုပါ..
သင်သာယောက်ျားကောင်းတစ်ယောက်ဆိုရင်ကိုယ့်ကိုချစ်တဲ့မိန်းမတစ်ယောက်ကိုခဏခဏနာကျင်အောင်မလုပ်ပါနဲ့..
အနိုင်ရလို့အနိုင်ယူတယ်.. ချော့လိုက်ရင်ပြန်ပြေပါတယ်ကွာလို့အလွယ်တွေးပြီးဒဏ်ရာတွေပေးနေသလား..
ဟုတ်ပါတယ်.. မိန်းမအများစုကချော့လိုက်ရင်ပြန်ပြေသွားတတ်ကြတယ်..
ဒါပေမယ့်.. သူစိတ်ထဲမှာဒဏ်ရာတွေတော့ကျန်ခဲ့မှာပဲ.. နာကျင်မှုတွေများလာတဲ့အခါနာကျဉ်းချက်တွေဖြစ်လာတတ်တယ်..
သိပ်ချစ်တတ်တဲ့မိန်းမတစ်ယောက်နာကျင်မှုများလာရင်လည်းသူများတွေထက်နှစ်ဆပိုပြတ်သားတတ်ပါတယ်..
အကြိမ်ရေများလာတာနဲ့အမျှနာကျင်မှုတွေပိုတိုးလာရင်လျစ်လျူရှူမှုတွေပိုများလာရင်သည်းခံမှုတွေအတိုင်းထက်လွန်လာရင်နာကျင်မှုမျက်ရည်တွေအစားမိန်းမတစ်ယောက်ရဲ့မာနကမြွေဟောက်တစ်ကောင်လို့ပါးပြင်းထောင်လာလိမ့်မယ်..
မိန်းမတစ်ယောက်ရဲ့တန်ဖိုးကိုကာယကံရှင်မိန်းမကိုယ်တိုင်ပဲသတ်မှတ်ပေးနိုင်တာမို့မာနလေးတော့ချန်ထားခဲ့မယ်ဆိုတာ... သင်မမေ့ပါနဲ့
Credit;ကြယ်လင်းခန့်