ကိုယ့်ဘေးက လူတစ်ယောက်ကိုဘယ်လိုချစ်သင့်လဲ?
ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ကိုအချစ်စစ်နဲ့ချစ်တတ်ဖို့ကလွယ်လွန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး ။ ဒီလို ချစ်ဖို့ကလည်းပြောရင်သာလွယ်တာလေ ။ တကယ်လက်တွေ့မှာကစိတ်ထိန်းထားနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။လူတစ်ယောက်ကိုချစ်တဲ့အခါမှာ
(၁) ကိုယ့်ချစ်သူကို " သူ " လို့ပဲ လက်ခံပြီး ချစ်ပါ
လူတစ်ယောက်ကိုပြင်ယူဖို့အရမ်းမကြိုးစားပါနဲ့ ။ အဲ့လိုလုပ်တဲ့အခါသူလည်းပင်ပန်းရသလိုကိုယ်လည်းစိတ်မောရပါတယ် ။ နှစ်ဖက်လုံးအတွက်မကောင်းပါဘူး ။ ဒီနေရာမှာနားလည်မှုပါရတာပေါ့နော် ။လူတစ်ယောက်ရဲ့အကျင့်တွေဗီဇတွေကိုတစ်ခုလုံးပြောင်းလဲဖို့ကကိုယ်ဘယ်လောက်ပဲလုပ်ယူပါစေသူ့ရဲ့စိတ်ရင်းကပြောင်းလဲချင်စိတ်မရှိသရွေ့ပြောင်းလဲလို့မရပါဘူး ။ အဲ့ဒါကြောင့်သူဘယ်လိုပုံစံပါလားဆိုတာကိုလက်ခံပြီးအချိန်တစ်ခုကိုစောင့်ပါ ။ limit တော့ရှိပါစေ ။ ကိုယ့်ကိုချစ်တဲ့သူကတော့လုပ်ယူစရာမလိုဘဲသူ့ဟာသူပာင်းလဲလာပါလိမ့်မယ် ။
(၂) ချစ်သူနှစ်ယောက်ကြားမှာစည်းလေးရှိပါစေ
ချစ်သူဆိုတာအရင်းနှီးဆုံးလူတွေဆိုတော့ဘာမဆိုအကုန်သိရမယ်ဆိုပေမဲ့တချို့အကြောင်းအရာလေးတွေမှာ အဆင်မပြေပါဘူး ။ သူ့ကိုအသိပေးသင့်တဲ့ကိစ္စတွေရှိသလိုအသိမပေးသင့်တဲ့ကိစ္စတွေလည်းရှိပါတယ် ။ ( မိသားစုအတွင်းေ
ရးပဲဖြစ်ဖြစ် ) စည်းဆိုတာသူ့ဘဝနဲ့ကိုယ့်ဘဝကြားမှာလဲလိုအပ်ပါတယ် ။သူ့ကိုချစ်ရင်သူ့ဘဝနဲ့သူ့အချိန်တွေကိုအပိုင်ယူဖို့မကြိုးစားပါနဲ့ ။ သူ့ဘဝတခုလုံးကိုခြယ်လှယ်ခွင့်ရမှချစ်တာမဟုတ်သလိုသူ့အချိန်တွေအကုန်ကိုယ့်ကိုပေးမှပျာ်စရာကာင်းတာလည်းမဟုတ်ပါဘူး ။ သူ့မိသားစုသူ့သူငယ်ချင်းတွေနဲ့လဲ Spend Time ရှိသင့်ပါတယ် ။ မအားဘူးဆိုတဲ့အကြောင်းပြချက်ကိုအမြဲတမ်သုံးနေတဲ့လူတော့မပါဘူးပေါ့နော် ။ အပြန်အလှန်တွေးပေးရမှာဘဲလေ ။စည်းဆိုတဲ့စကားလုံးမှာအဓိပ္ပာယ်အများကြီးပါပါတယ် ။ အဲ့အထဲမှာတစ်ယောက်နဲ့တစ်ယောက်ကြားကထားသင့်တဲ့လေးစားမှု ( ဘောင်မကျော်သင့်တဲ့အပိုင်းတွေ ) လည်းရှိပါတယ် ။ဥပမာဆိုတစ်ဖက်လူရဲ့မိသားစုကိုစော်ကားပြောဆိုတာမျိုး ၊ ကိုယ့်ကိုချိုးနှိမ်ချင်ပြီးသူ့ဂုဏ်ဖော်တာမျိုးတွေကအရမ်းအထင်သေးစရာကောင်းပြီးရှက်သင့်တဲ့လုပ်ရပ်ပါ ။
(၃) သူ့ဆီကအရမ်းမမျှော်လင့်ပါနဲ့
ကိုယ်ချစ်ရတဲ့ချစ်သူရဲ့Character သည်တစ်ခြားသူရဲ့ချစ်သူ Character နဲ့ မတူပါဘူး ။ မွေးချင်းအမွှာတွေတောင်ထပ်တူမရှိတတ်ပါဘူး ။ အခုအရမ်းဖြစ်လေ့ရှိတာက Social Media ကတက်လာသမျှအားကျတတ်ကြတယ် ။ ဘယ္သူကေ
တာ့ဘယ်လိုချစ်ပေးတာဆိုတာမျိုးပေါ့ ။ဘယ်သူကတော့ဘယ်လိုအချစ်ခံရတယ် ။ ကံကောင်းလိုက်တာဆိုတာမျိုးတွေဖိအားတွေမလုပ်ပါနဲ့ ။ မပေးပါနဲ့ ။ Social Media ပေါ်တက်လာသမျှရဲ့တဖက်မှာ Reality ဆိုတာရှိပါတယ် ။ အဲ့ဒီမှာလည်းကိုယ်မသိတဲ့တစ်ဖက်ကအဖြစ်အပျက်တွေ ၊ အကြောင်းအရာတွေမပြည့်စုံမှုတွေအများကြီးရှိပါတယ် ။အင်တာနက်ကဘ၀မဟုတ်ပါဘူး ။ နောက်ပီးတော့အဲ့လိုလုပ်ယူဖန်တီးထားတဲ့အရာတွေကိုအားကျပြီးမမျှော်လင့်ပါနဲ့ ။ သူတတ်နိုင်သလောက်ကြိုးစားပေးရှာတာ ၊ သူကရှိသလောက်လေးနဲ့ဖြည့်ဆည်းပေးတာကိုတန်ဖိုးထားပါ ။ သူများတွေ ၃, ၄ , ၅ သိန်းတန်တွေသုံးနိုင်ဖြုန်းနိုင်တဲ့အချိန်မှာကိုယ့်အတွက်နဲ့ ၁ , ၂ သောင်းဖြည့်ဆည်းပေးနိုင်လည်းသူ့ရဲ့ကြိုးစားပေးမှုအပေါ်တန်ဖိုးထားပေးပါ ။
(၄) နွေးထွေးအားပေးတဲ့စကားလုံးတွေကိုအသုံးချပေးပါ
ချစ်စကားကြိုက်စကားတွေမှာပဲအသုံးမချဘဲနဲ့သူ့ဘဝတိုးတက်ရာအကြောင်းအရာလေးတွေပြောဆိုတိုင်ပင်တာမျိုး ၊ ညှိယူဖို့လိုနေတဲ့ကိစ္စတွေကိုအေးအေးဆေးဆေးနားဝင်အောင်ပြောပြတာမျိုးတွေမှာပိုပြီးအသုံးချပါ ။ကိုယ်ကအကျိုးရှိ
တာတွေလုပ်လေကိုယ့်အတွက်အကျိုးရှိတာဖြစ်လေပါ ။
(၅) စွန့်လွှတ်တတ်ပါစေ
ကိုယ်ကအရမ်းချစ်လို့ ၊ သူ ကိုယ့်အနားမှာရှိနေတာကိုယ်ကပျော်နေပေမဲ့သူ့အတွက်ပျော်စရာမဟုတ်တော့ပဲမွန်းကြပ်နေရင်တော့ကိုယ့်အနားကထွက်သွားခွင့်ပေးလိုက်ပါ ။ မပိုင်ဆိုင်ရလဲချစ်လို့ရပါတယ် ။ ကိုယ့်အတ္တတစ်ခုအတွက်နဲ့သူ
များပျော်ရွှင်မှုကိုမဖျက်စီးသင့်ပါဘူး ။ရေးထားတဲ့အချက်လေးတွေကမိန်းကလေးချစ်သူပဲဖြစ်ဖြစ်ယောကျာ်းလေးချစ်သူပဲဖြစ်ဖြစ်လိင်တူချစ်သူစုံတွဲလေးတွေအတွက်ရောအချစ်စစ်နဲ့ဘယ်လိုချစ်ရမလဲဆိုတာအကူအညီဖြစ်မယ်လို့မျှော်လင့်ပါတယ် ။
အချစ်စစ်အချစ်မှန်ရဲ့အရိပ်အောက်မှာသာယာပျော်ရွှင်နိုင်ကြပါစေနော် ....
Credit;Sweetie