အလိုလိုကို လုံခြုံသွားတာမျိုး၊ စိတ်ချသွားတာမျိုး၊ နွေးထွေးသွားတာမျိုးတို့ခံစားနေရမယ်ဆိုရင်ချစ်ခြင်းတွေ ပြည့်ဝနေပါတယ်ဆိုတာကိုလက်ခံလိုက်ပါ။အိမ်ထောင်ရေးတိုင်းရဲ့ စတင်ရာကတော့ ချစ်ခြင်းတွေကပဲ စတယ်လို့ ဆိုနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့သူတွေဖြစ်တဲ့အအတွက် ဘဝရဲ့ ရှေ့ဆက်မယ့်နေ့လေးတွေတိုင်းကို အတူတူဖြတ်သန်းဖို့ ရွေးချယ်လိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။ အခုတစ်ခါ ပြောပြပေးချင်တာကတော့ မိန်းမကိုတကယ်ချစ်တဲ့ယောက်ျားဆိုတာမှာရှိတဲ့အမူအကျင့်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ အိမ်ထောင်ဖက်ကို အကောင်းဆုံးပံ့ပိုးနိုင်ဖို့အတွက်ကိုလည်း ပြောပြထားတယ်နော်။
တချို့သူတွေကအပြုအမူလေးတွေနဲ့ ပြတတ်တယ်
ယောက်ျားတွေ ဆိုတာကတော့တစ်ယောက်နဲ့တစ်ယောက်မတူပါဘူးနော်။ ဒီအချက်လေးကိုတော့ အရင်ဆုံး ကြိုသိထားရမှာပါ။ တချို့သူတွေက သိပ်ချစ်တဲ့အကြောင်း အပြုအမူလေးတွေ စကားလုံးလေးတွေနဲ့ ပြောပြတတ်ပေမယ့် တချို့လူတွေကတော့ မပြတတ်ပါဘူး။ အပြုအမူလေးတွေနဲ့ ချစ်ကြောင်းပြတတ်တဲ့သူတွေအတွက်ကတော့ သိသာနေပေမယ့်အပြုအမူလေးတွေ မပြလို့မချစ်ဘူးလို့တော့မထင်လိုက်ပါနဲ့နော်။ ယောကျာ်းတွေက သူတို့ တကယ် မချစ်တဲ့မိန်းမတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှာ မဟုတ်လို့ပါ။
အရာတိုင်းကို သိချင်တယ်
ချစ်ခြင်းတွေမှာကတော့ သိချင်စိတ်များကျပါတယ်။ မိန်းမဘာဝတ်တယ်။ ဘယ်သွားတယ်။ ဘာစားတယ်ဆိုတာတိုင်းကိုလိုက်မေးနေတယ်။ သူငယ်ချင်းနဲ့သွားတွေ့တယ်။ မိတ်ဆွေနဲ့ တွေ့တယ်ဆိုရင် အသေးစိတ်မေးမြန်းတတ်တာမျိုးကို ပြုလုပ်တတ်ပါတယ်။ တချို့ယောကျာ်းတွေကတော့ ချစ်တာတော့တကယ်ချစ်ပါတယ်။ ဒီလိုတွေလိုက်မမေးတတ်ဘဲ အပြည့်အဝယုံကြည်ပေးတာမျိုးလည်း ရှိပါတယ်။ ဒီလိုပြောလို့ မေးတာကမယုံကြည်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးနော်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့အပြုအမူတွေကမတူညီဘူးဆိုတာကိုသိသာစေလိုတဲ့အတွက်ပါ။
ခံစားရတယ်
မိန်းကလေးတွေဆိုတာကတော့ ခံစားချက်တွေကိုလိုက်ခံစားတဲ့နေရာမှာတကယ့်ဆရာမကြီးပဲ ဖြစ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်ကို တကယ်ချစ်တာလားဆိုတာကို ဒီအတိုင်းကြီးခံစားရပါတယ်။ ယောက်ျားအနားမှာ ရှိရင်အလိုလိုကိုလုံခြုံသွားတာမျိုး၊ စိတ်ချသွားတာမျိုး၊ နွေးထွေးသွားတာမျိုးတို့ခံစားနေရမယ်ဆိုရင်ချစ်ခြင်းတွေ ပြည့်ဝနေပါတယ်ဆိုတာကို လက်ခံလိုက်ပါနော်။ ချစ်ခြင်းတွေဆိုတာကတော့ အပြုအမူလေးတွေ စကားလုံးလေးတွေထက် စိတ်ထဲခံစားရတဲ့ခံစားချက်ကတော့အသေချာဆုံးအချက်ပဲ ဖြစ်တာမို့လို့ပါ။အိမ်ထောင်ရေးလေးမှာရှိတဲ့ အိမ်ထောင်ဖက်တိုင်းတစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းတွေ ပြည့်ဝပြီးနေ့ရက်လေးတွေတိုင်း သာယာကြည်နူးစွာ ဖြတ်သန်းနိုင်ကြပါစေ။
Credit;Marry