ကိုယ်က လန်းနေအောင်ဝတ်ထားမယ်လှနေအောင် မိတ်ကပ် ပြင်ထားမယ် ဒါပေမဲ့ Waxing မလုပ်ထားရင်တော့ သိပ်ရွံစရာကောင်းပါတယ် ဒီမှာက Body hairတွေရှိတာ သိပ်မထူးဆန်းပေမဲ့ အနောက်တိုင်းဘက်တွေမှာဆို ခြေသလုံးမွှေးမရိတ်ထားတဲ့မိန်းကလေးတွေကို Jungle feetဆိုပြီး အတင်းပြော လှောင်ကြပါတယ်
Waxingဆိုတာ body hair တွေကို အမြစ်ကနေ gel or ဖယောင်းတခုခု သုံးပြီး ဆွဲနှုတ်တာပေါ့နော် 4ပတ်ကနေ 6 ပတ်လောက်မှ အမွှေးတွေ ပြန်ထွက်လာတယ် ပြီးတော့ နုနုလေးတွေ ပဲ ထွက် လာတာပါ Shaving လုပ်ရင်တော့ အမွှေးကြမ်းကြီးတွေပဲ ထွက်လို့ အားမပေး ချင်ပါဘူးရှင်
Waxing နှစ်မျိုးရှိပါတယ်
Strip Waxing -သူက wax gel ဖြစ်ဖြစ် အမွှေးတွေပေါ်သုတ်ပြီး ပြီးတော့ စက္ကူ or အဝတ်စ အုပ်ပြီး ဆွဲခွာတဲ့နည်းပါ ၊ Stripless wax -သူကျ Wax ကို အပူပေးထားပြီး အသားပေါ်လိမ်းတယ် ပြီးတော့ခြောက်ရင် ဆွဲခွာတာပါ
ကျွမ်းကျင်တဲ့သူတွေနဲ့ပဲလုပ်စေချင်ပါတယ်အသားလောင်တတ်လို့ပါ ၊ Waxingကို အခုဆို ဒီက Spa တွေ မှာ လုပ်လို့ရပါပြီ Brazilian Wax (Bikini Wax )ကအစပါ ၊ ရှက်လို့ ကိုယ့်ဘာသာ လုပ်ချင်ရင်တော့ Waxing gel တွေ ဝယ်လို့ ရပါတယ်
DIY နည်းလေးလဲ ပြောပြမယ်နော် ရှေးခေတ် Egyptတွေသုံးခဲ့တာသကြားရယ် သံပုရာရည်ရယ် ရော ဖျာ် ရေနဲနဲထည့်ပြီး ပြစ်နေအောင် အပူပေးရပါတယ် ပြီးရင် နဲနဲအေး သွားရင် Skin ပေါ်မှာသုတ်လိမ်းပြီး ပိတ်စ အပေါ်က အုတ်ပြီး ဆွဲခွာလိုက် လို့ရပါတယ်
နောက်တခုက သွားတိုက်ဆေးနဲ့ နံနွင်းနဲ့ ရောလိမ်းပြီး ခြောက်ရင် ရေစိုအဝတ်နဲ့ သုတ်ချ ရင်လည်း ရပါတယ်Waxing လုပ်ရင် နည်းနည်းနာပါတယ် အဲ့ဒါကြောင့် ရေခဲတုံးနဲ့ပွတ်ပေးရင် အနာသတ်သာပါတယ်နာမှာကြောက်ရင် Shavingလဲ ရပါတယ်ဒါပေမဲ့ခဏခဏနဲ့ပိုအလုပ်ရှုပ် တတ်လို့ပါ
မဖြစ်မနေ Waxလုပ် ရမဲ့နေရာတွေက .... ချိုင်း , Bikini Area တွေ wax စေချင်ပါတယ် အနံ့ဆိုးသက်သာစေပါတယ် ၊ လက်က အရမ်းရှည်နေရင် မဖြစ်မနေ Waxပေးပါ
ခြေသလုံးက ထဘီ အမြဲ ဝတ်နေရရင် ဘောင်းဘီအရှည် ဝတ်နေရရင် သိပ်မလိုအပ်ပါဘူး လုပ်နိုင်ရင်ပိုကောင်းတာပေါ့နော်စကပ်လေးတွေ ဝတ်ရမယ်ဆို မဖြစ်မနေ Wax ပါနော်ဒါမှ ယုံကြည်မှုရှိရှိ သန့်သန့်ပြန့်ပြန့်နဲ့ လန်းမှာပါ
<<< Zawgyi >>>
အမျိုးသမီးများ အတွက် အထာကျကျ အမွှေးရိတ်နည်း
----------------------------------------------------------------
Ref ; Teen Vogue