အဖြူရောင်
အဖြူရောင်ဝတ်စုံဟာ ကျန်တဲ့အရောင်တွေထဲမှာအသုံးများဆုံးပါ။ ခမ်းနားကြီးကျယ်ခြင်း ၊ ဂုဏ်ကျက်သရေရှိခြင်း ၊ ပြီးပြည့်စုံခြင်း ၊ ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်ခြင်းတို့ကိုဖော်ပြနေပါတယ်။
အနီရောင်
အနီရောင်ကတော့ ပြင်းပြတဲ့ချစ်စိတ် ၊ စိတ်လှုပ်ရှားဖွယ် နဲ့ စွမ်းအားတွေကို ကိုယ်စားပြုပါတယ်။ အနီရောင်မင်္ဂလာဆောင်ဝတ်စုံဟာ မင်္ဂလာဆောင်မှာ တက်ကြွတဲ့အရိပ်အယောင်ကိုလဲပြပါတယ်။
အဝါရောင်
စိတ်ကြည်နူးဖွယ် ၊ ကြိုဆိုခြင်း ၊ တောက်ပခြင်းတို့နဲ့အတူ သတို့သမီးကို မင်္ဂဆောင်မှာ ထင်ပေါ်စေမှာပဲဖြစ်ပါတယ်။
အပြာရောင်
အပြာရောင်ကတော့ ရှေးကျပြီးသန့်စင်တဲ့အရောင်ပါပဲ။ တည်ငြိမ်ခြင်း ၊ ကြော့ရှင်းခြင်း ၊ ရည်မွန်ခြင်းတို့ကိုကိုယ်စားပြုပါတယ်။
အစိမ်းရောင်
အစိမ်းရောင် ကတော့ သဘာဝဆန်ပြီး နူးညံ့သိမ်မွေ့ပါတယ်။ သင့်ခြေလှမ်းတိုင်းကိုလဲ သိမ်မွေ့စေမှာဖြစ်ပြီး ချစ်ဖို့ကောင်းစေမှာပါ။
ပန်းရောင်
ပန်းရောင် ကတော့  ပျော်ရွင်ခြင်း၊ ချစ်ခြင်း၊ မေတ္တာ သင်္ကေတ ကိုဖော်ပြနေတဲ့ အရောင် ဖြစ်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်အတွက် သင့် လျော်တဲ့ အရောင်ပါ။
Author: NLP