ဒီနေ့ ပြောပြပေးမှာကတော့ မင်္ဂလာဆောင်အတွက် လက်ကိုင်ပန်းပြုလုပ်ရာတွင် ဘယ်လိုပန်းပွင့် လေးတွေသုံးသင့် လဲ ဆိုတာကိုပြောပြပေးသွားမှာပါ။
မင်္ဂလာဆောင်တွေအများစုမှာ ပန်းကိုအဖြူ သုံး တာများပေမယ့် ခေတ်ရေစီးကြောင်းအတိုင်း တစ်ခြားသော ပန်းအရောင်တွေလဲ သုံးလာပါတယ်။ တော်တော်များများက ကိုယ်ကြိုက်တဲ့ အရောင်ကို လက်ကိုင်ပန်းအဖြစ်ရွေးချယ်ကြတယ်။ အထူးသဖြင့်calla နှင်းတောပန်း၊ အနီရောင်နှင်းဆီပန်း တို့ကို မင်္ဂလာလက်ကိုင်ပန်းအဖြစ်အများဆုံး အသုံးပြုလာကြပါတယ်။ တစ်ချို့  သော သတို့သမီးတွေက သူတို့ မင်္ဂလာဝတ်စုံနဲ့ လိုက်ဖက်တဲ့  ပန်းမျိုးလေးတွေရွေးချယ်ပါတယ်။ အခုနောက်ပိုင်း ဆန့်ကျင်ဖက်အရောင်တွေလဲ လူကြိုက်များလာကြပါတယ်။ ဥပမာအားဖြင့် ဝတ်စုံနဲ့ ကိုက်ညီတဲ့ ပန်းကိုရွေးချယ်မယ်ဆိုရင် ပန်းပွင့် တွေ လတ်ဆတ်ဖို့ လိုအပ်ပါတယ်။ လက်ကိုင်ပန်းမှာ ဖဲပြားကြိုးလေးတွေတပ်မယ်ဆိုရင် အဖြူရောင်က အကောင်းဆုံးပါပဲ။ လက်ကိုင် ကိုင်းကို ကိုင်ဖို့အလွယ်တကူကိုင်နိုင်အောင် ပန်းအရိုး အရှည်ထားဖို့လိုအပ်ပါသေးတယ်။ မှတ်ချက် လက်ကိုင်းပန်းလေးတွေကို ကိုယ်တိုင်လုပ်ရင် မင်္ဂလာအသုံးစရိတ်အတွက် သက်သာစေပါတယ်။
Author : NLP