မင်္ဂလာပွဲ Accessories ဆိုရင် များသောအားဖြင့်က သတို့သမီးနဲ့ မင်္ဂလာပွဲ အပြင်အဆင်ကိုပဲ ပြေးမြင်တတ်ကြပါတယ်။
သတို့သားလေးအတွက်လည်း Accessories ဆိုတာက အရေးကြီးလှပါတယ်။ အခုပြောပြပေးချင်တာက သတို့သားလေးရဲ့ မင်္ဂလာပွဲ Accessories လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။
နာရီ၊ ဖိနပ် ၊ေ ခြအိတ်
သတို့သားလေး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း တက်ကြွနေဖို့ကတော့ ဖိနပ်လေးကအရေးပါသလို မင်္ဂလာအချိန် တိကျဖို့အတွက်ဆိုလည်း နာရီကတော့ မရှိမဖြစ်ပါပဲ။ သတို့သားအတွက် ဖိနပ်ဆိုတာ အနောက်တိုင်းဝတ်စုံဝတ်တဲ့အချိန် ရှူးစီးကြတဲ့အတွက် ခြေအိတ်ကတော့ လိုလာပါတယ်။
နက်ခ်တိုင်၊ ခါးပတ်
နက်ခ်တိုင်ကိုတော့ ဝတ်စုံနဲ့လိုက်ဖက်တဲ့နက်တိုင်ကို ရွေးချယ်ပေးရမှာပါ။ နက်တိုင် အရောင်တွေအများကြီးထဲမှာမှ ဝတ်စုံနဲ့လိုက်ဖက်ညီတဲ့အရောင်၊ ပုံစံတွေထဲမှာလည်း ဘယ်လိုနက်တိုင်မျိုးက ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာကို သေချာ ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ ဘောင်းဘီရှည်ဝတ်တဲ့အချိန်တိုင်းမှာ ခါးပတ်ပါမှ ပြည့်စုံတဲ့ကြည့်ကောင်းခြင်းကို ဖြစ်စေသလို လုံခြုံစိတ်ချမှုကို ဖြစ်ပေါ်စေမှာပါ။
ရေမွှေး
သတို့သမီးဘေးနားမှာနေပြီး မင်္ဂလာပွဲတစ်လျောက်လုံး ဧည့်သည်တွေကြားမှာ လိုက်ဧည့်ခံရမယ့်သတို့သားလေးအနေနဲ့က မွှေးကြိုင်နေဖို့ အရေးကြီးသလို ရေမွှေးနံ့ကလည်း စူးနေတာမျိုး မဖြစ်ရဘဲ ယောက်ျားဆန်ဆန် ဆွဲဆောင်နိုင်တဲ့အနံ့မျိုးကို ရွေးချယ်ပေးရမှာပါ။
ရင်ကပ်ပန်း
ရင်ကပ်ပန်းကိုတော့ များသောအာဖြင့် သတို့သမီးလက်ကိုင်ပန်းထဲက တူတဲ့ပုံစံမျိုးပဲ ရွေးခယ်တာက အကောင်းဆုံးပါပဲ။
>>>> မင်္ဂလာပွဲအတွက် ပိုက်ဆံ ဘယ်လိုခြွေတာစွာ အသုံးပြုမလဲ
အရေပါဆုံးသော Accessories လေးတွေကို ပြောပြပေးသွားတာဖြစ်ပါတယ်။
Author : NLP