မိန်းကလေးတိုင်း မလွဲမသွေ စိတ်ကူးယဉ်ကြည့်တဲ့အရာကိုပြောပါဆိုရင် မင်္ဂလာဝတ်စုံလေးဖြစ်မယ်ထင်ပါတယ်နော်။
ကိုယ်သာ မင်္ဂလာဆောင်ခဲ့ရင်ဆိုတဲ့ စိတ်ကူးလေးနဲ့ ကိုယ့်စိတ်ကြိုက်ဝတ်စုံအရောင်လေးတွေ၊ ဒီဇိုင်းလေးတွေကို
မိန်းကလေးတိုင်း စိတ်ကူးထားကြမှာပါ၊
ဒီနေ့မှာ တော့မင်မင်က ကျက်သရေရှိရှိလှပလွန်းတဲ့ အပြာရောင် သတို့သမီးဝတ်စုံလေးတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အပြာရောင်ဆိုတာ သဘာဝနဲ့အနီးစပ်ဆုံးအရောင်ဖြစ်ပြီး အေးချမ်းမှုကိုဆောင်တဲ့အရောင်လေးဖြစ်တဲ့အတွက်
သတို့သမီးလေးတိုင်းနဲ့လည်း လိုက်ဖက်မှာပါနော်။