White
Red
Yellow
Blue
Green
Unicode
ချစ်တို့ရေ ဒီခေတ်မှာ Wedding Dress ကို အရောင်မျိုးစုံနဲ့ လှသထက်လှအောင် ဝတ်ဆင်လာကြပါပြီနော်။
ဒီတော့ဝတ်စုံလေးတွေရဲ့ဘယ်အရောင်က ဘယ်လိုအဓိပ္ပါယ်တွေကိုဖော်ပြနေလဲ ဆိုတာမင်မင်တို့အတူတူလေ့လာလိုက်ရအောင်နော်။
White
အဖြူရောင်မင်္ဂလာဝတ်စုံဟာ ကျန်တဲ့အရောင်တွေထဲမှာအသုံးများဆုံးပါနော်။ခမ်းနားကြီးကျယ်ခြင်း ၊ ဂုဏ်ကျက်သရေရှိခြင်း ၊
ပြီးပြည့်စုံခြင်း ၊ ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်ခြင်းတို့ကိုဖော်ပြနေပါတယ်။
Red
အနီရောင်ကတော့ ပြင်းပြတဲ့ချစ်စိတ် ၊ စိတ်လှုပ်ရှားဖွယ် နဲ့ စွမ်းအားတွေကို ကိုယ်စားပြုပါတယ်။
အနီရောင်မင်္ဂလာဆောင်ဝတ်စုံဟာ မင်္ဂလာဆောင်မှာ တက်ကြွတဲ့အရိပ်အယောင်ကိုလဲပြပါတယ်။
Yellow
စိတ်ကြည်နူးဖွယ် ၊ ကြိုဆိုခြင်း ၊ တောက်ပခြင်းတို့နဲ့အတူ သတို့သမီးကို မင်္ဂဆောင်မှာ ထင်ပေါ်စေမှာပဲဖြစ်ပါတယ်။
Blue
အပြာရောင်ကတော့ ရှေးကျပြီးသန့်စင်တဲ့အရောင်ပါပဲ။ တည်ငြိမ်ခြင်း ၊ ကြော့ရှင်းခြင်း ၊ ရည်မွန်ခြင်းတို့ကိုကိုယ်စားပြုပါတယ်။
Green
အစိမ်းရောင် ကတော့ သဘာဝဆန်ပြီး နူးညံ့သိမ်မွေ့ပါတယ်။ သင့်ခြေလှမ်းတိုင်းကိုလဲ သိမ်မွေ့စေမှာဖြစ်ပြီး ချစ်ဖို့ကောင်းစေမှာပါ။
Myanmar Wedding Guide