ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ Wedding Dress ကို ဘယ်လိုရွေးချယ်ကြမလဲ အပိုင်း (၁)

ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ Wedding Dress ကို ဘယ်လိုရွေးချယ်ကြမလဲ အပိုင်း (၁)

၂၀၂၀ မှာ မင်္ဂလာပွဲလေးကျင်းပဖို့ စီစဉ်ထားကျတဲ့သတို့သမီးလောင်းလေးတွေ အတွက်ကတော့ Covid ကာလကြီးကို စိတ်ညစ်နေကြမှာပဲနော်။

 

အဲ့ဒါကြောင့် ဒီရောဂါဆိုးကြီး ပြီးသွားတာနဲ့ စိတ်ကူးထဲက မင်္ဂလာပွဲလေး ကျင်းပနိုင်ဖို့အတွက် အခုကတည်းက ကြိုပြီး Wedding Dress လေးတွေ ရွေးထားနိုင်စေဖို့ ခန္ဓာကိုယ် အမျိုးအစားပေါ်မူတည်ပြီး ဘယ်လို ဝတ်စုံမျိုးကို ရွေးချယ်သင့်တယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

 

1. A-line

 

 

ခန္ဓာကိုယ်အပေါ်ပိုင်းမှာ Fit ဖြစ်နေပြီး ခါးကနေ စပြီး အောက်ကို ကားသွားတတ်တဲ့ A ပုံစံ Gown လေးတွေကိုတော့ အားလုံးပဲ ရင်းနှီးကြမယ်လို့ ထင်ပါတယ်။

 

နှစ်တွေဘယ်လောက်ပဲ ကြာသွားပါစေ ရိုးရှင်းပေမဲ့ ကျက်သရေရှိတဲ့ ဒီ A-line dress လေးတွေဟာဆိုရင် Timeless Elegance လို့တောင် တင်စားခေါ်ဝေါ်ကြပြီး သတို့သမီးလောင်းလေးတွေ Wedding dress ကို ရွေးချယ်ကြရာမှာ ထိပ်ဆုံးကနေ ထည့်သွင်းစဉ်းစားသင့်တဲ့ အမျိုးအစားတစ်ခုပါ။

 

A-line Dress လေးတွေကတော့ များသောအားဖြင့် ခန္ဓာကိုယ်အမျိုးအစားတိုင်းနီးပါးနဲ့ လိုက်ဖက်မှုရှိပါတယ်။ ခါးနေရာကို သွယ်လျစေပြီး ခါးအောက်ပိုင်းကို ဖုံးသွားစေတဲ့အတွက်ကြောင့် Pear body shape ကို ပိုင်ဆိုင်ထားတဲ့ သတို့သမီးလောင်းလေးတွေအတွက်တော့ အလိုက်ဖက်ဆုံးဖြစ်ပြီး Rectangle body shape ရှိတဲ့ သတို့သမီးလောင်းလေးတွေအတွက်ဆိုရင်လဲ ရွေးချယ်သင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။

 

Square Neckline နဲ့ Queen Anne Neckline လေးတွေကတော့ ခန္ဓာကိုယ်ပုံစံအများစုနဲ့ လိုက်ဖတ်တာမို့လို့ မိမိနဲ့ လိုက်ဖတ်တဲ့ Neckline လေးကို သေချာရွေးချယ်ဖို့တော့ လိုပါလိမ့်မယ်။

Read times Last modified on Friday, 16 October 2020 13:20
Rate this item
(0 votes)