ငပလီ ကမ်းခြေကတော့ သဲဖြူဖြူ နုနု၊ ရေ ကြည်ကြည် နှင့် ကျောက်ဆောင်လေးတွေ နဲ့  အရမ်းလှတဲ့  ကမ်းခြေလေးပါ။ အရှေ့ တောင်အာရှရဲ့
အလှပဆုံးကမ်းခြေ တစ်ခုဖြစ်တဲ့  ငပလီကမ်းခြေကို ဟန်းနီးမွန်းခရီးထွက်မယ်ဆိုရင် အထင်ကရလေးတွေ သွားသင့်တဲ့ နေရာလေးတွေကိုဖော်ပြပေးချင်ပါတယ်။ လည်ပတ်စရာတွေက ပိုများပါတယ်။ ပုလဲကျွန်း၊ သဲဖြူကျွန်း၊ ကျောက်ကလပ်နဲ့ တစ်ခြားကျွန်းတွေ အများကြီးရှိပါတယ်။ Snorkeling ၊ Scuba Diving၊ Canoeလှေလှော်တာ တွေလုပ်လို့ ရပါတယ်။ နေဝင်ဆည်းဆာအလှကိုခံစားရင်း ဟန်းနီးမွန်းခရီးစဉ်ကိုဖြတ်းသန်းရတာ အလွန်းကြည်းနူးဖို့ကောင်းပါတယ်။ငပလီရောက်ရင် သွားသင့်တဲ့ ဘုရားတွေရှိသေးပါတယ် ။ မြပြင်ဘက်က မြရတနာ ဆုတောင်းပြည့် ပုထိုးတော်ကြီး ၊ သံတွဲမြို့က အထင်ကရ ဆံတော် ၊ အံတော် ၊ နံတော် ဘုရားသုံးဆူ တို့ကို သွားရောက်ဖူးမြော်လို့ ရပါတယ်။ ငပလီရောက်ရင်တော့  ပုလဲကျွန်းတော့ ရောက်အောင်သွားစေချင်ပါတယ်။
မြပြင်ကမ်းခြေ
သဲဖြူကျွန်း
ပုလဲကျွန်း
Author : NLP