အိန္ဒိယနိုင်ငံ Manali မှာဟန်းနီးမွန်းသွားရောက်လည်ပတ်နိုင်မယ့်နေရာများ…

အိန္ဒိယနိုင်ငံ Manali မှာဟန်းနီးမွန်းသွားရောက်လည်ပတ်နိုင်မယ့်နေရာများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို အိန္ဒိယနိုင်ငံ Manali ရေခဲတောင်ရဲ့ဟန်းနီးမွန်းသွားရောက်လည်ပတ်နိုင်မယ့်နေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

 

ဘယ်နေရာတွေဖြစ်မလဲဆိုတော့လက်မှုနဲ့ပန်းပုအနုပညာလက်ရာများကြောင့်ထင်ရှားလှတဲ့1553 ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ (Hadimba DevilTemple )၊

 

hom1

 

တိဘတ်လူမျိုးစုတို့ရဲ့ကြွယ်ဝတဲ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ထင်ဟပ်ပြသနေတဲ့ (Tibbeten Monasteries ) Club House, စကိတ်ကွင်း၊ဘိလိယက်ခန်းများ၊စာကြည့်တိုက်၊

 

စားသောက်ဆိုင်များ၊သဘာဝအလှကိုရှုစားရင်း ယောဂကျင့်၊ တရားထိုင်၊ရေကူးရင်း အနားယူနိုင်မယ့်( Van Vihar National Park)၊စားသောက်ဆိုင်များနှင့် Shopping ထွက်ဖို့ ဆိုင်တန်းများရှိရာ( Mall Road )၊

 

hom2

 

ဘုရားကျောင်းကိုလည်ပတ်ပြီး ရေပူစမ်းမှာအပန်းဖြေနိုင်မယ့်(Vashisht Temple and Hot Springs)၊အရမ်းလှတဲ့ Jogini Falls မှာ ဓာတ်ပုံတွေတစ်ဝကြီးရိုက်ကြမယ်။

 

အရမ်းလှပတဲ့ Salong Valleyရေခဲတောင်ကို cable car နဲ့တက်ကြမယ်။ ရေခဲတောင်မှာနှင်းတွေဆော့ရင်းနဲ့ ဓာတ်ပုံအလန်းလေးတွေရိုက်ကြမယ်။

 

မြင်းစီး ၊ နှင်းလျှောစီး၊ လေထီးခုန်ကြမယ်။မြင့်မားပြီးလှပတဲ့ Kullu တောင်နဲ့ Manikaran တောင် မှာ ရှုခင်းလှလှလေးတွေကြည့်ရှုခံစားကြမယ်။

 

hom3

 

Vaishno Mata Temple ကိုလည်းသွားလည်ကြမယ်။အပျော်စီးလှေလေးတွေစီးကြမယ်။Kais Monastery , Naggar Castle, Roerich art gallery ကိုလဲလည်ပတ်ကြမယ်။

 

Manikaran မှာ ရှိတဲ့ Sulfur ရေပူစမ်း၊ guruwara နဲ့ Parvati မြစ်မှာလဲ အလှဆုံးပုံလေးတွေရိုက်ကူးရင်းလည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။

 

Pearls ပုလဲအရောင်းဆိုင်များကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

jjjj

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 


 


 


 


 


 


 


 

Read times Last modified on Thursday, 13 February 2020 16:07
Rate this item
(0 votes)
Tagged under