အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ ဥရောပကို ဟန်းနီးမွန်းသွားဖို့တွေးထားတဲ့ Myanmar Wedding Guide ပရိတ်သတ်တွေကို
နော်ဝေနိုင်ငံကဟန်းနီးမွန်းသွားရောက်လည်ပတ်စရာနေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ကမ္ဘာ့နိုင်ငံများထဲမှာ ပညာရေးကောင်းမွန်မှု၊ ခေတ်မှီပြီး လူနေမှုမြင့်မားမှု၊ စီးပွားရေး လုပ်ကိုင်ရန် ကောင်းမွန်မှု၊ ပွင့်လင်းမြင်သာမှုရှိမှု၊
Green Living၊ အစိုးရပိုင်းမှ ပြည်သူများထံသို့ အကောင်းဆုံးပံ့ပိုးကူညီမှု အမျိုးသမီးများ၏ အခွင့်အရေးရရှိမှု အစရှိတဲ့ အချက်များအပေါ်အခြေခံပြီး
ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာ့ နေထိုင်ရန် အကောင်းဆုံး နိုင်ငံများစာရင်းမှာ ရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
နော်ဝေနိုင်ငံကဟန်းနီးမွန်းသွားရောက်လည်ပတ်စရာနေရာတွေကတော့ Ski Museum & Jump Tower ၊
The Vikings Aliveဇာတ်ကား ရိုက်ကူးခဲ့ရာနေရာ "The Viking Ships Museum " ၊
Oslo ၏ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် "Gustav Vigeland Sculpture Park "၊
နိုဘယ်ငြိမ်းချမ်းရေးဆုများကို ပြသထားရာ "Nobel Peace Center "၊
Oslo မြို့လယ်ခေါင်ရှိ နာမည်ကျော် "Karl Johans Shopping" စတဲ့နေရာတွေကိုသွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်
"Floibanen Funicular" ဖြင့် Mount Floyen ထိပ်သို့ တက်ရောက်လို့လည်းရပါသေးတယ်နော်။
Voss မှ Myrdal သို့ ၊ Myrdal မှ Flam မြို့ သ့ို Scenic Train ရထားစီးခြင်းတွေကိုပြုလုပ်နိုင်မှာဖြစ်သလို
Flam မှ Gudvangen ရွာလေးသို့ Cruise သင်္ဘောစီးတဲ့အတွေ့အကြုံကိုလည်းရရှိနိုင်ပါတယ်။
Car/Truck Rental အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း ၇၈၀ ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်
Voss မှ Myrdal သို့ ၊ Myrdal မှ Flam မြို့ သို့ Scenic Train ရထားစီးခြင်းတွေကိုပြုလုပ်နိုင်မှာဖြစ်သလို