ဒီနေ့တော့ ရန်ကုန်မြို့ ၊ဒဂုံ မြို့နယ်ထဲမှာရှိတဲ့ မင်းကွန်းတိပိဏ္ဍကနိကာယ ကျောင်းတိုက်မှာရှိတဲ့ မင်္ဂလာခန်းမ လေးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။
ဒီဘုန်းကြီးကျောင်းမှာဆိုရင် ရွှေရတုခန်းမနဲ့ ငွေရတုခန်းမ ဆိုပြီး ခန်းမ နှစ်ခု ရှိပါတယ်။
ရွှေ ရတုခန်းမမှာ ဆိုရင်တော့ လူဦးရေ ၄၀၀ လောက်ဆန့်ပြီး အ၀င်အထွက် နဲ့ဆိုရင် တော့ ၈၀၀ လောက် အထိ ဆန့်ပါတယ်။
ခန်းမကြေး ကတော့ ၄ သိန်း ၀န်းကျင်လောက်ရှိပါတယ်။
ငွေရတုခန်းမ ကတော့လူဦးရေ ၃၀၀ ဆန့်ပြီး အ၀င်အထွက် နဲ့ဆိုရင် ၅၀၀ လောက်အထိဆန့်ပါတယ်။ခန်းအကြေးကတော့ ၃ သိန်းဝန်းကျင်ရှိပါတယ်။
ခန်းမအပြင်အဆင် အတွက်ကိုတော့ ၅ သောင်းကနေ ၂ သိန်းခွဲ ထိရှိပါတယ်။
အစားအသောက်ကတော့ သီးစုံထောပတ်ထမင်း၊ရေခဲမုန့်၊ရေသန့် တို့ဖြင့်ကျွေးမွေးဧည့်ခံနိုင်ပါတယ်။
အ၀စား စနစ်ဖြစ်ပါတယ်။လူတစ်ယောက်လျှင်၄၅၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
ဓာတ်ပုံ ဗီဒိုယို ရိုက်မယ်ဆိုရင်တော့ ၀န်ဆောင်မှုပေးပါတယ်။ဗီဒိုယို ရိုက်မယ်ဆိုရင်တော့ ၃ သိန်းဝန်းကျင်လောက်ကျသင့်ပါမယ်။
အချိန်ကတော့ မနက် ၉ နာရီမှ ၁၁ နာရီ ၊နေ့လည် ၁၂ ခွဲမှ ၂ ခွဲ ၊ညနေ ၄ နာရီမှ ၆နာရီ ဖြစ်ပြီး မိမိ နဲ့အဆင်ပြေတဲ့အချိန်ကိုရွေးချယ်နိုင်ပါတယ်။
ဆက်သွယ်ရန်လိပ်စာ အမှတ် (၁၆)၊စကားဝါလမ်း၊ဒဂုံ
ဖုန်းနံပါတ် 01-222279,09-420040492