အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ တဖြည်းဖြည်းနားလည်လာပြီ။ ဘဝ၊ အချစ်နဲ့ ပိုင်ဆိုင်ရမယ့်အရာတွေ၊ လက်လွှတ်ရမယ့်အရာတွေအကြောင်း သိလာပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
ငယ်ငယ်တုန်းကတော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံဖူးတယ်။ လက်တွေ့ဘဝမှာတော့ ဘာတွေကို ကြိုးစားရမယ်၊ ဘာတွေကို လျစ်လျူရှုတတ်ရမယ်ဆိုတာ သဘောပေါက်သွားပြီ ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
လူတွေရဲ့ စကားကို ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာတရားကိုတော့ ဂရုစိုက်တတ်လာပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
အဆိုးတွေနဲ့ ကြုံရတိုင်း ဝမ်းမနည်းတတ်တော့ဘူး။ ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိသွားပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
အရှုံးဆိုတာ နာကျင်စရာမဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ။ အရှုံးတွေနဲ့ မကြာခဏဆိုသလို ရင်းနှီးလာပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ်မခံရအောင် သင်ခန်းစာတွေ ယူတတ်လာပြီဆိုရင် သင်တည်ငြိမ်စပြုလာပြီ။
ဟိုးအရင်တုန်းက သင်ယူတယ်ဆိုတာ ဂုဏ်ယူနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်ပဲရှိတယ်။ နောက်ပိုင်းမှာတော့ သင်ယူတယ်ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့ တိကျတဲ့ အကြောင်းအရင်းတွေ သိလာတယ်ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သတ္တဝါတွေမှန်း သိလာရတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူရှုတတ်လာမယ်ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။
အစပိုင်းမှာ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ်ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။