အချစ်ဆိုတာ အနေနီးရင်လဲ ချစ်လို့ရတယ်။ အဝေးတစ်နေရာကနေလဲ ချစ်နေလို့ရတယ်။
အမြဲတမ်း မြင်နေရင်းလည်း ချစ်မိသွားတယ်။ မြင်မြင်ချင်းလဲ ချစ်လို့ရတဲ့အရာမျိုးပါ။
အချစ်ဆိုတာ အချိန်အကြာကြီး သံယောဇဉ် ရှိပြီးလဲ ချစ်သွားတာပဲ။ ရန်တွေဖြစ် တစ်ယောက်နဲ့တစ်ယောက် မတည့်လည်း ချစ်မိကြတာပဲ။
အရင်းနီးဆုံး သူငယ်ချင်းအဖြစ်ကနေလည်း အချစ်ရဆုံးသူ ဖြစ်နိုင်ပါတယ်။
အချစ်ဆိုတာ ထိန်းချုပ်ဖို့ခက်ခဲတယ်။ အချစ်က မျှော်လင့်ချက် တစ်ခုသာသာပဲဖြစ်ပါတယ်။
မျှော်လင့်ချက် အနည်းငယ်နဲ့ အချစ်တွေ အများကြီး ဖန်တီးလို့ရတယ်။ အချစ်က ရှာဖွေရခက်တယ် ဆိုပေမယ့် ရှာတွေ့ ခဲ့ရင်လဲ စွန့်လွှတ်ဖို့အတွက် ခက်ခဲတယ်။
အတူနေရမှ ချစ်တယ်လို့ မပြောဘူး။ အမှတ်တရ တွေနဲ့ ချစ်လို့ရတယ်။ မျှော်လင့်ချက်တွေနဲ့လဲ ချစ်လို့ရတယ်။
စိတ်ကူးအတွေးအသားလေးတွေနဲ့ ချစ်လို့ရတယ်။
အချစ်က နူးညံ့တယ်၊ သာယာတယ်၊ ကြည်နူး ဖို့ကောင်းတယ်။
မဖြစ်နိုင်တာတွေကို ၊ ထူးဆန်းတဲ့ အချစ်တွေက ဖန်တီးပေးတယ်။
အချစ်စစ်တစ်ခုမှာ ပေါင်းဖက်ရဖို့အတွက် မမြင်နိုင်တဲ့ ခွန်အားတွေ ရှိတယ်။