ချစ်သူရည်းစားတိုင်းရဲ့ပန်းတိုင်က အတူပေါင်းဖက်လက်ထပ်ခြင်းပါ။
အခုခေတ်သတို့သားလောင်း၊သတို့သမီးလောင်းတွေအနေနဲ့ခမ်းနားပီးကျက်သရေမင်္ဂလာရှိတဲ့လက်ထပ်ပွဲဖြစ်လာဖို့အတွက်မဖြစ်မနေလုပ်ရမယ့်အချက်တွေကိုပြောပြပေးပါ့မယ်။
နှစ်ဖက်မိဘတွေ့ဆုံမှု နဲ့ ရက်မြတ်မင်္ဂလာ
ချစ်သူစုံတွဲတွေအနေနဲ့အတူတူပေါင်းဖက်နိုင်ဖို့ဆိုတာ နှစ်ဖက်မိဘတွေရဲ့သဘောတူညီမှုရဖို့ကအရေးကြီးပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ လူကြီးမိဘများဆီ အကျိုးအကြောင်းပြောဆိုပြီး နှစ်ဖက်မိဘချင်းတွေ့ဆုံနိုင်ဖို့ကြိုးစားသင့်ပါတယ်။ နှစ်ဖက်မိဘသဘောတူပြီဆိုရင်တော့လက်ထပ်ဖို့အတွက်ဗေဒင်နေ့နံများတွက်ချက်ကာရက်ကောင်းရက်မြတ်ရွေးချယ်သင့်ပါတယ်။ အနည်းဆုံးတတ်နိုင်သမျှကိုယ်လိုချင်တဲ့အချိန်အခါနဲ့ ၆လလောက်ခွာပြီးကြိုတင်လေ့လာစီစဉ်သင့်ပါတယ်။
လက်မှတ်ရေးထိုးခြင်း နဲ့ မင်္ဂလာဆွမ်းကျွေး
လက်မှတ်ရေးထိုးတာနဲ့ မင်္ဂလာဆွမ်းကျွေးကတော့ရက်ကောင်းရွေးပြီးတစ်ရက်တည်း(သို့) ရက်ခြားပြီးဖြစ်ဖြစ်အဆင်ပြေအောင်ဆောင်ရွက်နိုင်ပါတယ်။အခုခေတ်မှာတော့ လက်မှတ်ရေးထိုးခြင်းကိုထူးထူးခြားခြားဓာတ်ပုံရိုက်ပြီး အမှတ်တရလေးတွေလုပ်နိုင်နေပါပြီ။ မင်္ဂလာဆွမ်းကျွေးကလဲ လူကြီးတွေစီစဉ်လိုတဲ့နေရာမျိုးတွေမှာ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့မိတ်ဆွေတွေဖိတ်ပြီးစီစဉ်နိုင်ပါတယ်။
မင်္ဂလာခန်းမ နဲ့ ပြင်ဆင်မှု
ရက်ကောင်းရွေးပြီးရင် ခမ်းခမ်းနားနားနဲ့ မင်္ဂလာရှိသော လက်ထပ်ပွဲဖြစ်ဖို့ အဆင်ပြေနိုင်မဲ့ Hotels နဲ့ ခန်းမတွေကိုကြိုတင်လေ့လာမေးမြန်းစုံစမ်းထားသင့်ပါတယ်။အများကြီးထဲကမှမိမိတို့ နှစ်သက်တဲ့ခန်းမရဲ့ အနေအထား၊ဝန်ဆောင်မှုနဲ့ အစားအသောက်ပုံစံတွေကို မိမိတို့မှန်းထားတဲ့ငွေကြေး၊ လူဦးရေ နဲ့ချိန်ပြီးတွက်ချက်ပြင်ဆင်ရမှာပါ။ခန်းမသေချာရင်တော့ အခမ်းအနားမှုး၊ Decor နဲ့ ပန်းအလှစတဲ့ကိစ္စတွေကိုလိုအပ်သလိုစီစဉ်နိုင်ပါတယ်။ ဖိတ်စာနဲ့ပြန်ကမ်းကိစ္စကိုလဲကြိုတင်စုံစမ်းသင့်ပါတယ်။
အဝတ်အစား နဲ့ Make Up အပြင်အဆင်
Wedding Planners နဲ့ Studio တွေကနေရှာဖွေစုံစမ်းထားနိုင်သလို ကိုယ်တိုင်လဲ စီစဉ်နိုင်ပါတယ်။ ဒါပေမယ့် Fashion ဆိုတာအမြဲဆန်းသစ်နေလို့ မင်္ဂလာပွဲနေ့မတိုင်မီ တစ်လအလိုလောက်ဆိုလုံလောက်နိုင်ပါတယ်။ မိတ်ကပ်ကတော့ သတို့သမီးအတွက်အက္ခရာပါ။ အလှဆုံးဖြစ်နေဖို့အတွက်မိမိကြိုက်နှစ်သက်တဲ့ Artist ကို ကိုယ်တိုင်ပဲဖြစ်စေ၊Planner နဲ့ပဲဖြစ်စေ ကြိုတင်ချိတ်ဆက်ထားသင့်ပါတယ်။(အမေတွေနဲ့ အရံပန်းကြဲတွေ အတွက်လဲမမေ့နဲ့နော်)
PreWedding နဲ့ Photography
မင်္ဂလာကိစ္စစီစဉ်ခဲ့သမျှ နဲ့ မင်္ဂလာပွဲနေ့အပြီး ပင်ပန်းခဲ့ရသမျှ အလှဆုံးနဲ့အခမ်းနားဆုံးပွဲရဲ့အမှတ်တရ ရလဒ်ကဓာတ်ပုံတွေပါပဲ။ ဒါကြောင့်အားကျရလောက်အောင်ရှုထာင့်မျိုးစုံကရိုက်ချက်ကောင်းကောင်းရိုက်နိုင်ပြီး မိမိနှစ်သက်တဲ့ Service ကောင်းကောင်းပေးနိုင်မယ့် Photographers တွေကိုမိမိစိတ်ကြိုက်ကြိုတင်ချိတ်ဆက်နိုင်သလို Planner နဲ့လဲအပ်နိုင်ပါတယ်။
Author : Shinn Khant