မင်္ဂလာပွဲနီးမှ ဖိနပ်အဆင်မပြေတာမျိုးမဖြစ်စေဖို့

မင်္ဂလာပွဲနီးမှ ဖိနပ်အဆင်မပြေတာမျိုးမဖြစ်စေဖို့ google

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲအတွက်စီစဉ်ရတဲ့အထဲမှာ ပုံတော်ဖိနပ်အပ်တာလည်းပါပါတယ်။

ပုံတော်ဖိနပ်လေးတွေအပ်တဲ့အခါမှာလည်း အဆင်ပြေစေဖို့ ကြိုတင်ပြီးလုပ်ဆောင်ရမှာပါနော်။ တချို့သတို့သမီးလောင်းလေးတွေဆိုရင် မင်္ဂလာပွဲရက်နီးမှ ဖိနပ်အဆင်မပြေတာကြောင့် စိတ်ညစ်ရတာမျိုးရှိတတ်ပါတယ်။

 

အချိန်
သတို့သမီးလောင်းလေးတို့ရေ ပုံတော်ဖိနပ်ကလည်းအချိန်ယူရမှာပါနော်။ ပွဲထွက်မယ့်သတို့သား၊ သတို့သမီးလေးတွေဆိုရင် အပ်ရမယ့်အရံ အရေအတွက်များပါတယ်။ အရံ၊ ပန်းကြဲတွေအတွက်ပါထည့်သွင်းစဉ်းစားရမှာဆိုတော့ အပ်မယ့်အရံများရင် အချိန်ယူရမှာပါ။

 

Review

သတို့သမီးလောင်းလေးတို့ရေ ပုံတော်ဖိနပ်အပ်မယ်ဆိုရင် Review လေးဖတ်ဖို့လိုပါတယ်။ တချို့ဆိုင်တွေက ရက်ချိန်းမမှန်တာ၊ အပ်ထည်အော်ဒါကို သေချာမစီစဉ်ပေးတာမျိုး လုပ်လေ့ ရှိပါတယ်။ ဒါကြောင့် သေချာစုံစမ်းဖို့တော့ လိုပါတယ်။ အပ်ထည်တွေကို သေချာလုပ်ပေးတဲ့ဆိုင်ကိုရွေးပါ။

 

အရောင်နဲ့ဒီဇိုင်း
ဒီအချက်က ပုံတော်ဖိနပ်မှာယူတဲ့အခါမှာ အရမ်းအရေးကြီးပါတယ်။ သတို့သမီးလေး တော်တော်များများကဆိုင်မှာသွားအပ်တဲ့အခါ ဝတ်စုံအရောင်ကို ဓါတ်ပုံရိုက်ပြီး ယူသွားလေ့ရှိပါတယ်။ တကယ်တော့ ပိတ်စသေးသေးလေး ဖြစ်ဖြစ်ယူသွားရင် အရောင်ထွက်တာပိုပြီးမှန်နိုင်ပါတယ်နော်။ ဒီဇိုင်းကလည်းရွေးချယ်လို့ရပါတယ်။ ပုံတော်ဖိနပ်မှာ ထိပ်ဦးချွန်တာ၊ အပြည့်အဝိုင်း၊ တပြေးတည်းဒေါက်ပုံစံလားရွေးပါ။ ဒီဇိုင်းရွေးတဲ့အခါမှာ သတို့သားအတွက်လည်း ထည့်စဉ်းစားပြီး ရွေးပါ။

 

Size

ပုံတော်ဖိနပ်အပ်တော့မယ်ဆိုရင် အဓိကရွေးချယ်ရမှာ Size ပါ။ Size ကခြေထောက်အတိုင်းအပြင် ဒေါက်အထူရဲ့အမြင့်လည်း ပါပါတယ်။ သတို့သား၊ သတို့သမီးလေးတို့အပြင် အရံလေးတွေရဲ့ Size လည်း မှန်ဖို့လိုတာမို့ အတိုင်းသေချာ ပေးရမှာပါနော်။ သတို့သမီးလေးတို့ရဲ့ဆံထုံးအမြင့်နဲ့ သတို့သားရဲ့အရပ်ကို ကြည့်ပြီး ဒေါက်ကို ဘယ်နှလက်မထူမယ်ဆိုတာမျိုးအပ်ရမှာပါ။ မဟုတ်ရင် သတို့သမီးလေးကပုံတော်ဖိနပ်အမြင့်ရော၊ ဆံထုံးရဲ့ အမြင့်ကြောင့်ပါ သတို့သားထက်မြင့်နေတာမျိုးဖြစ်သွားတတ်ပါတယ်။ သတို့သားလေးရဲ့ဒေါက်လက်မကိုလည်း အဲဒီလိုမျိုးညှိပြီးအတိုင်းအပ်ပါ။

 

သေချာစစ်ရမယ့်အချက်လေးတွေ
သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာစီးမယ့်ဖိနပ်လေးတွေက ကိုယ့်ဆီကိုတစ်လလောက်ကြိုပြီးရောက်ထားသင့်ပါတယ်နော်။ ပုံတော်ဖိနပ်သွားရွေးတဲ့အခါမှာလည်း တစ်ရံချင်းဆီမှာ ပါဝင်တဲ့ကျောက်လေးတွေကိုစစ်ပါ။ ကျောက်တွေပြုတ်နေတာမျိုးရှိလားစစ်ပါ။ အရံလေးတွေကိုလည်းကြိုစီးခိုင်းထားပါနော်။ သူတို့ရဲ့အရပ်ကိုကြည့်ပြီး ဒေါက်ရဲ့လက်မကို ရွေးချယ်ဖို့လည်း မမေ့ပါနဲ့နော်။

 

သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက် ပုံတော်ဖိနပ်အပ်တော့မယ်ဆိုရင် အကြံပေးထားတဲ့အရောင်ရွေးချယ်တာ၊ Size ရွေးတာတွေမမေ့ပါနဲ့နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 19 March 2019 16:51
Rate this item
(1 Vote)