နှစ်ကိုယ်တူရွှေလက်တွဲပြီး မိသားစုဘဝလေးကိုတည်ထောင်တော့မယ်။ ဒါပေမယ့် မင်္ဂလာပွဲအတွက်ဘာတွေကစပြီး
ဘာတွေကိုဆက်လုပ်ရမလဲဆိုတာမသိသေးဘူးဆိုတဲ့ မင်္ဂလာမောင်နှံလေးတွေအတွက် မင်္ဂလာပွဲစီစဉ်တဲ့အခါ လုပ်သွားရမယ့်အဆင့်လေးတွေကို တစ်ဆင့်ချင်းပြောပြပေးပါမယ်။
(၁) စေ့စပ်ပွဲကိုအရင်ဆုံးလုပ်ပါ။
(၂) မင်္ဂလာပွဲအတွက် စစီစဉ်တဲ့အခါ ဖိတ်ကြားမယ့်ဧည့်သည်စာရင်းကိုခန့်မှန်းတွက်ချက်ပါ။
(၃) မင်္ဂလာပွဲအတွက်သုံးမယ့် ငွေကြေးပမာဏကိုသတ်မှတ်ပါ။
(၄) သတို့သမီး ဝတ်စုံ ရှာဖွေရွေးချယ်ပါ။
(၅) မင်္ဂလာပွဲကျင်းပမယ့်နေရာကိုရွေးချယ်ပါ။
(၆) မင်္ဂလာဧည့်ခံပွဲအတွက် တေးဂီတဖျော်ဖြေမှုထည့်သွင်းမယ်ဆိုရင် တေးဂီတအဖွဲ့တွေကိုရွေးချယ်ပါ။
(၇) မင်္ဂလာအကြို ဓာတ်ပုံရိုက်ကူးခြင်း၊ မင်္ဂလာပွဲနေ့မှာ မှတ်တမ်းတင်ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းတို့အတွက် ဓာတ်ပုံဆရာရွေးချယ်ပါ။
(၈) ဖိတ်စာနဲ့ ပြန်ကမ်းလက်ဆောင်တွေ စီစဉ်ပါ။ Hand made ပြုလုပ်မယ်ဆိုရင်တော့ အချိန်ပိုပေးရပါမယ်။
(၉) သတို့သားဝတ်စုံ စီစဉ်ပါ။
(၁၀) သတို့သမီး မိတ်ကပ်နဲ့ ဆံပင်အလှပြင်ဆင်မှုအတွက် အပ်နှံမယ့် Make up Artist ကို ရွေးချယ်ပါ။
(၁၁) နှစ်ဖက်မိဘနဲ့ သတို့သား၊ သတို့သမီးအရံတို့အတွက် ဝတ်စုံတွေစီစဉ်ပါ။
(၁၂) မင်္ဂလာပွဲအခမ်းအနားအပြင်အဆင်နဲ့ ပန်းအလှပြင်ဆင်ရေးအတွက်စီစဉ်ပါ။
(၁၃) ကိတ်မုန့်အပ်ပါ။
(၁၄) လက်ထပ်လက်စွပ် ရွေးချယ်ဝယ်ယူပါ။
(၁၅) မင်္ဂလာပွဲနေ့ သွားရေးလာရေးအတွက် စီစဉ်ပါ။
အခုပြောပြသွားတဲ့ အဆင့်ကလေးတွေအတိုင်း မမေ့မလျော့ လုပ်ပေးသွားမယ် ဆိုရင် မင်္ဂလာပွဲလေးအတွက်လိုအပ်တဲ့ အစီအစဉ်တွေကျန်နေခဲ့တော့မှာမဟုတ်ဘူး။ စုံတွဲလေးတွေ အားလုံးစိတ်ကူးအိပ်မက်နဲ့ လက်တွေ့ထပ်တူကျတဲ့ မင်္ဂလာပွဲလေးကို ဆင်နွှဲနိုင်ကြပါစေနော်။
Credit : Marry