ဒီဇိုင်နာမင်းသက်စံ ဆိုတာနဲ့ အားလုံးကသိပြီးသား ဖြစ်မှာပါနော် သူက ၀တ်စုံတွေဖန်တီးရာမှာအရမ်းကို
Creative ဖြစ်တဲ့ ဒီဇိုင်နာတစ်ယောက်လဲ ဖြစ်ပါတယ်နော်။
မိန်းကလေးဆိုတာ တစ်သက်မှာတစ်မင်္ဂလာ ပဲရှိတာဆိုတော့ ကိုယ့် မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေဖို့လိုတယ်လေနော်။
ဒီလိုအလှဆုံးသတို့ သမီးလေးဖြစ်အောင် ဖန်တီးထားတဲ့ ဒီဇိုင်နာမင်းသက်စံရဲ့  ထိုင်မသိမ်းလေးအကြောင်းပြောပြမယ်နော်။
ဒီဝတ်စုံလေးကိုတော့ mandalay မြို့ Shining Star စိန်တိုက်က သတို့သမီး လေးအတွက် ဖန်တီးပေးထား
ခြင်းဘဲ ဖြစ်ပါတယ်။
ရတနာတွေရဲ့တန်ဖိုး သိန်းတစ်သောင်းဝန်းကျင်လောက်ရှိပါတယ်။
လုံချည်မှာသူမ၀တ်ဆင်ထားတဲ့ ဆွဲကြိုးရဲ့ဒီဇိုင်းလေးကို ထိုးထားပြီး ၀တ်စုံတစ်ခုလုံး ကို စိန်ဆွဲကြိုးတွေနဲ့ဖန်တီးထားခြင်း ဘဲဖြစ်ပါတယ်။
ဝတ်စုံလေးရဲ့ အရောင်ကိုတော့ flamingo ငှက်ရဲ့လိမ္မော်ရောင် လေးနဲ့ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။
ရတနာကိုအသားပေးထားတဲ့ ဒီဇိုင်းလေးပါနော်။
ဆွဲကြိုးက စိန်တန်းကိုလည်း ဘေးဘက်အထိ ချဲ့ယူပေးထားပြီး နောက်ကျောကိုလည်း ခါးအထိအရှည်ပုံစံစဉ်းစားပေးထားတာပါ။
ဆွဲကြိုးပုံစံကို ကြည့်ပြီးမှ ပုဝါအကြီးကို ဖန်တီးထားတာပါ။
မိန်းကလေးတိုင်း အမြဲအားကျဝတ်ချင်တဲ့ ဝတ်စုံတွေဖြစ်အောင် ၊ အသစ်အသစ်တွေကို အမြဲကြိုးစားဖန်တီးလျက်
ဆိုပြီးလည်း ဒီဇိုင်နာမင်းသက်စံမှပြောထားပါသေးတယ်။
source - sweet and smart fashion collection
ဒီနေရာလေးကိုထောက်ပြီးလည်း Designer တွေကိုရှာကြည့်နိုင်ပါတယ်ရှင်