ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့သတို့သမီးပရိတ်သတ်လေးတွေအတွက် မင်္ဂလာပွဲနေ့တွင်ဖြစ်ပေါ်တတ်သောအမှားလေးတွေကို သတိထားနိုင်ဖို့အတွက် ဝေမျှပေးချင်ပါတယ်နော်။
1. အိမ်ကနေခန်းမကိုမိတ်ကပ်ပြင်ဖို့မသွားခင်ပစ္စည်းတွေမေ့ကျန်နေတတ်ပါတယ်။စာရင်းလုပ်ပီးမသွားခင်သေချာစစ်ဖို့လိုပါတယ်။
2. မျက်လုံးပါဝါရှိတဲ့သူတွေဆိုရင်မျက်ကပ်မှန်ကိုအိမ်မှာထဲကတပ်သွားဖို့လိုပါတယ်။
ပြီးတော့မျက်ဆံသေးတဲ့အမတွေလဲမျက်လုံးခြယ်လိုက်တဲ့အခါမျက်ဆံသေးရင်သိပ်မလှကြလို့မျက်ကပ်မှန်တပ်ဖို့လိုပါတယ်။
ပွဲနေ့မှာမျက်ကပ်မှန်တပ်မယ်ဆိုရင်တပ်နေကျလူကပြသနာမရှိပေမယ့်အကျင့်မရှိရင်၂လလောက်ကြိုလေ့ကျင့်ထားဖို့လိုပါတယ်။
ပွဲနေ့တပ်မယ့်မျက်ကပ်မှန်ကို၁၅ရက်လောက်ကြိုဝယ် ကြိုတပ်ထားပီးရင် တပတ်လောက်အလိုထဲကမတပ်တော့ပဲဆေးရည်ပဲလဲပေးနေပါ။
အဓိကပြောချင်တာကပွဲနေ့မှာမိတ်ကပ်ပြင်ဖို့ဟိုတယ်မသွားခင်မျက်ကပ်မှန်ကိုအိမ်မှာပဲတပ်သွားဖို့ပြောချင်ပါတယ်။
မျက်ကပ်မှန်ကို ၂ စုံကြိုတင်ဝယ်ထားဖို့လိုအပ်ပါတယ်။ ၁စုံအဆင်မပြေရင်တစုံအဆင်သင့်ရှိနေဖို့အရေးကြီးလို့ပါ။
မျက်ကပ်မှန်တပ်ဖို့လက်ဆေးပြီးတဲ့အခါှမှာလည်း towel နဲ့မသုတ်ပဲ tissue နဲ့သာသုတ်ဖို့အကြံပေးချင်ပါတယ်။
တခါတရံမှာ towel က အမျှင်လေးတွေအမွှေးလေးတွေဟာလက်ကတဆင့်မျက်ကပ်မှန်မှာကပ်ပီး နေရခက်တာမျိုးကြုံတတ်တာမို့
Tissue နဲ့လက်သုတ်တာဟာအကောင်းဆုံးပါ။
3. ပွဲနေ့ မိတ်ကပ်ပြင်တဲ့အခန်းထဲမှာလူအများကြီးဝင်နေတာကိုရှောင်သင့်ပါတယ်။
အရံတွေကိုပြင်တာကိုသူတို့အမေတွေအဒေါ်တွေကဝင်ဆရာလုပ်တာမျိုးတွေမဖြစ်အောင်ကြိုပြောထားပါ။
မိတ်ကပ်ခန်းထဲကိုကလေးတွေရောလူကြီးတွေရောဝင်လိုက်ထွက်လိုက်စကားများလိုက်ဆူညံနေတာဟာတချို
MUAတွေစိတ်အနှောက်ယှက်ဖြစ်စေသလိုအာရုံပျက်စေပါတယ်။ကိုယ်လိုတဲ့လူအခန်းထဲခေါ်ထားပီးရင်lockသာချထားလိုက်ပါ။
တံခါးခေါက်မှသာအဖော်ကိုသွားဖွင့်ခိုင်းပါ။ မိတ်ကပ်ခန်းအလင်းရောင်ကောင်းဖို့လည်းသတိပြုစေချင်ပါတယ်။
4. ပွဲနေ့မိတ်ကပ်ပြင်ဖို့သွားတဲ့အခါသတို့သမီးရောသတို့သားပါအင်္ကျီလှလှပပဝတ်သွားပါ။
အလောတကြီးအိမ်ကထွက်သွားမိပီးအဝတ်အစားကပိုကရိုဖြစ်နေရင် make upပြင်တဲ့ပုံရိုက်တဲ့အခါကိုယ့်စိတ်ထဲမလှဘူးထင်နေရင်အဆင်မပြေပါဘူး။
5. လက်စွပ်ဗန်းကိုင်မယ့်သူကို လက်စွပ်သေချာပြထားပါအမှတ်အသားလုပ်ပေးထားပါ။
သတို့သားလက်စွပ်နဲ့ သတို့သမီးလက်စွပ်မှားတဲ့အခါစင်ပေါ်မှာအခက်တွေ့စေပါတယ်။
6. သတို့သားသတို့သမီး ပွဲမထွက်ခင် တခုခုစားထားဖို့နဲ့ဝတ်စုံမဝတ်ခင်အပေါ့အပါးသွားထားဖို့အထူးလိုပါတယ်။
7. ပန်းကြဲမယ့်သူကိုပွဲထွက်ခါနီးသေချာမှာဖို့လိုပါတယ်။သူလည်းစိတ်လှုပ်ရှားပြီးမြန်မြန်လျောက်မိတတ်လိူ့ပါ။
တချို့ပွဲတွေမှာလမ်းလျောက်တာအရမ်းမြန်ကြလို့အခါတော်ပေးတာင်မဆုံးလိုက်ပါဘူး။
8. ပွဲပြီးခါနီး သတို့သားသတို့သမီးနဲ့ ၂ဖက်မိဘ အဝင်အထွက်နေရာမှာဧည်သည်တွေကိုနှုတ်ဆက်တဲ့အခါpre-wedding photo ကို မကွယ်မိဖို့ပါ။
မကွယ်မိမှ ဓာတ်ပုံထဲမှာလှပါလိမ့်မယ်။
9. ပွဲနေ့သတို့သား သတို့သမီး နားမှာနေပေးဖို့လိုတာကူပေးဖို့ ရွေးချယ်တဲ့သူမှန်ဖို့အရေးကြီးပါတယ်။
စေတနာနဲ့ကူမယ့်သူမဟုတ်ပဲ သူတို့လှဖို့ပဲတွေးနေသူ မကူညီပဲ ဓာတ်ပုံပဲပတ်ရိုက်နေသူတွေကိုအနားမှာထားဖို့ရွေးချယ်မိရင်
သတို့သား သတို့သမီး အရမ်းဒုက္ခရောက်တတ်ပါတယ်။
Credit- Wedding Story
Zawgyi ျဖင့္ဖတ္ရန္...
ဒီေန႔မွာေတာ့ Myanmar Wedding Guide ရဲ႕သတို႔သမီးပရိတ္သတ္ေလးေတြအတြက္ မဂၤလာပြဲေန႔တြင္ျဖစ္ေပၚတတ္ေသာအမွားေလးေတြကို သတိထားနိုင္ဖို႔အတြက္ ေဝမွ်ေပးခ်င္ပါတယ္ေနာ္။
1. အိမ္ကေနခန္းမကိုမိတ္ကပ္ျပင္ဖို႔မသြားခင္ပစၥည္းေတြေမ့က်န္ေနတတ္ပါတယ္။စာရင္းလုပ္ပီးမသြားခင္ေသခ်ာစစ္ဖို႔လိုပါတယ္။
2. မ်က္လုံးပါဝါရွိတဲ့သူေတြဆိုရင္မ်က္ကပ္မွန္ကိုအိမ္မွာထဲကတပ္သြားဖို႔လိုပါတယ္။
ၿပီးေတာ့မ်က္ဆံေသးတဲ့အမေတြလဲမ်က္လုံးျခယ္လိုက္တဲ့အခါမ်က္ဆံေသးရင္သိပ္မလွၾကလို႔မ်က္ကပ္မွန္တပ္ဖို႔လိုပါတယ္။
ပြဲေန႔မွာမ်က္ကပ္မွန္တပ္မယ္ဆိုရင္တပ္ေနက်လူကျပသနာမရွိေပမယ့္အက်င့္မရွိရင္၂လေလာက္ႀကိဳေလ့က်င့္ထားဖို႔လိုပါတယ္။
ပြဲေန႔တပ္မယ့္မ်က္ကပ္မွန္ကို၁၅ရက္ေလာက္ႀကိဳဝယ္ ႀကိဳတပ္ထားပီးရင္ တပတ္ေလာက္အလိုထဲကမတပ္ေတာ့ပဲေဆးရည္ပဲလဲေပးေနပါ။
အဓိကေျပာခ်င္တာကပြဲေန႔မွာမိတ္ကပ္ျပင္ဖို႔ဟိုတယ္မသြားခင္မ်က္ကပ္မွန္ကိုအိမ္မွာပဲတပ္သြားဖို႔ေျပာခ်င္ပါတယ္။
မ်က္ကပ္မွန္ကို ၂ စုံႀကိဳတင္ဝယ္ထားဖို႔လိုအပ္ပါတယ္။ ၁စုံအဆင္မေျပရင္တစုံအဆင္သင့္ရွိေနဖို႔အေရးႀကီးလို႔ပါ။
မ်က္ကပ္မွန္တပ္ဖို႔လက္ေဆးၿပီးတဲ့အခါွမွာလည္း towel နဲ႔မသုတ္ပဲ tissue နဲ႔သာသုတ္ဖို႔အႀကံေပးခ်င္ပါတယ္။
တခါတရံမွာ towel က အမွ်င္ေလးေတြအေမႊးေလးေတြဟာလက္ကတဆင့္မ်က္ကပ္မွန္မွာကပ္ပီး ေနရခက္တာမ်ိဳးႀကဳံတတ္တာမို႔
Tissue နဲ႔လက္သုတ္တာဟာအေကာင္းဆုံးပါ။
3. ပြဲေန႔ မိတ္ကပ္ျပင္တဲ့အခန္းထဲမွာလူအမ်ားႀကီးဝင္ေနတာကိုေရွာင္သင့္ပါတယ္။
အရံေတြကိုျပင္တာကိုသူတို႔အေမေတြအေဒၚေတြကဝင္ဆရာလုပ္တာမ်ိဳးေတြမျဖစ္ေအာင္ႀကိဳေျပာထားပါ။
မိတ္ကပ္ခန္းထဲကိုကေလးေတြေရာလူႀကီးေတြေရာဝင္လိုက္ထြက္လိုက္စကားမ်ားလိုက္ဆူညံေနတာဟာတခ်ိဳ
MUAေတြစိတ္အေႏွာက္ယွက္ျဖစ္ေစသလိုအာ႐ုံပ်က္ေစပါတယ္။ကိုယ္လိုတဲ့လူအခန္းထဲေခၚထားပီးရင္lockသာခ်ထားလိုက္ပါ။
တံခါးေခါက္မွသာအေဖာ္ကိုသြားဖြင့္ခိုင္းပါ။ မိတ္ကပ္ခန္းအလင္းေရာင္ေကာင္းဖို႔လည္းသတိျပဳေစခ်င္ပါတယ္။
4. ပြဲေန႔မိတ္ကပ္ျပင္ဖို႔သြားတဲ့အခါသတို႔သမီးေရာသတို႔သားပါအက်ႌလွလွပပဝတ္သြားပါ။
အေလာတႀကီးအိမ္ကထြက္သြားမိပီးအဝတ္အစားကပိုက႐ိုျဖစ္ေနရင္ make upျပင္တဲ့ပုံ႐ိုက္တဲ့အခါကိုယ့္စိတ္ထဲမလွဘူးထင္ေနရင္အဆင္မေျပပါဘူး။
5. လက္စြပ္ဗန္းကိုင္မယ့္သူကို လက္စြပ္ေသခ်ာျပထားပါအမွတ္အသားလုပ္ေပးထားပါ။
သတို႔သားလက္စြပ္နဲ႔ သတို႔သမီးလက္စြပ္မွားတဲ့အခါစင္ေပၚမွာအခက္ေတြ႕ေစပါတယ္။
6. သတို႔သားသတို႔သမီး ပြဲမထြက္ခင္ တခုခုစားထားဖို႔နဲ႔ဝတ္စုံမဝတ္ခင္အေပါ့အပါးသြားထားဖို႔အထူးလိုပါတယ္။
7. ပန္းႀကဲမယ့္သူကိုပြဲထြက္ခါနီးေသခ်ာမွာဖို႔လိုပါတယ္။သူလည္းစိတ္လႈပ္ရွားၿပီးျမန္ျမန္ေလ်ာက္မိတတ္လိူ႔ပါ။
တခ်ိဳ႕ပြဲေတြမွာလမ္းေလ်ာက္တာအရမ္းျမန္ၾကလို႔အခါေတာ္ေပးတာင္မဆုံးလိုက္ပါဘူး။
8. ပြဲၿပီးခါနီး သတို႔သားသတို႔သမီးနဲ႔ ၂ဖက္မိဘ အဝင္အထြက္ေနရာမွာဧည္သည္ေတြကိုႏႈတ္ဆက္တဲ့အခါpre-wedding photo ကို မကြယ္မိဖို႔ပါ။
မကြယ္မိမွ ဓာတ္ပုံထဲမွာလွပါလိမ့္မယ္။
9. ပြဲေန႔သတို႔သား သတို႔သမီး နားမွာေနေပးဖို႔လိုတာကူေပးဖို႔ ေ႐ြးခ်ယ္တဲ့သူမွန္ဖို႔အေရးႀကီးပါတယ္။
ေစတနာနဲ႔ကူမယ့္သူမဟုတ္ပဲ သူတို႔လွဖို႔ပဲေတြးေနသူ မကူညီပဲ ဓာတ္ပုံပဲပတ္႐ိုက္ေနသူေတြကိုအနားမွာထားဖို႔ေ႐ြးခ်ယ္မိရင္
သတို႔သား သတို႔သမီး အရမ္းဒုကၡေရာက္တတ္ပါတယ္။
Credit- Wedding Story