အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို ခေတ်မီဆန်းသစ်တဲ့ သတို့သမီးဝတ်စုံလေးတွေဖန်တီးချုပ်လုပ်ပေးနေသူ ဒီဇိုင်နာ မမေမွန်မွန်ထက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇိုင်နာ မမေမွန်မွန်ထက်ဟာဆိုရင် ဒီဇိုင်နာလောကကို 2014 ခုနှစ်တွင်စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
2016 ခုနှစ်မှာ Royal Express Fashion & Design School ကို စတင်ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ဒီဇိုင်နာ မမေမွန်မွန်ထက်ဟာဆိုရင်
အခုလက်ရှိအချိန်မှာလည်း ဒီဇိုင်းဆန်းသစ်တဲ့ ဝတ်စုံများကိုဖန်တီးချုပ်လုပ်ပေးနေသလို Royal Express Fashion & Design Schoolကိုဦးစီးဖွင့်လှစ်သင်ကြားလျက်ရှိနေပါတယ်။
2020ခုနှစ်မှာ ရိုးရှင်းပြီ Smart ဖြစ်တဲ့ဝတ်စုံလေးတွေက ခေတ်စားလာနိုင်ပြီး အရောင်အနုလေးတွေနဲ့ အရောင်ငြိမ်တာမျိုးလေးတွေက ရေပန်းစားလူကြိုက်များလာနိုင်တယ်လို့ ဒီဇိုင်နာ မမေမွန်မွန်ထက်က သုံးသပ်ထားပါတယ်။
Customer တွေရဲ့ ခန္ဓာကိုယ်အချိုးအစား၊အသားအရည်တို့နဲ့လိုက်ဖက်လှတဲ့ ဝတ်စုံလေးတွေကို အသေးစိပ်ဖန်တီးပေးမှုတွေကြောင့် Customer တွေရဲ့ ချစ်ခင်အားပေးမှုကိုလက်ခံရရှိနေတဲ့ ဒီဇိုင်နာတစ်ဦးဆိုလည်းမမှားပါဘူး။
ဒါကြောင့် Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဒီဇိုင်နာမမေမွန်မွန်ထက်ရဲ့ ဝတ်စုံဖန်တီးမှုလက်ရာတွေကိုဖော်ပြပေးလိုက်ပါတယ်။
Address: အမှတ်(1043)၊သီတာလမ်း ၊2ရပ်ကွက် ၊မြောက်ဥက္ကလာ၊ရန္ကုန္။
Phone: 09 253 635 240 , 09 423 378 300.
Ice cream ရေခဲမုန့်ဆိုင် ၃၆၂ ဆိုင်ကိုရှာရန်နှိပ်ပါ။
Address: အမှတ်(1043)၊သီတာလမ်း ၊2ရပ်ကွက် ၊မြောက်ဥက္ကလာ၊ရန္ကုန်။