ကြီးရင်မှီ ငယ်ရင်ချီ ဆိုတဲ့ စကားကို ကြားဖူးမှာပါ တကယ်တော့ အမျိုးသမီးတွေ ရဲ့ ပင်ကိုဗီဇ အခံက အားကိုးချင်တာပါ ဒီတော့ အချစ်ရေး တစ်ခုမှာ အမျိုးသမီးတွေ အားကိုးလောက်ရမှာက အသက်ကွာတဲ့ အမျိုးသားတွေပါ ဘာလို့ဆို သူတို့က ရင့်ကျက်မယ် အရာရာ ကို တည်ငြိမ်စွာဆုံးဖြတ်နိုင်မယ်ပေါ့ တကယ်တန်းမှာ သင့်ဘဝကို လမ်းပြ နိုင်တာ ကိုကြီးတွေပါ။
ကိုကြီးတွေကို Date မယ်ဆိုပါက အားသာတဲ့ အချက်များ -
၁ . ခွင့်လွတ်လွယ်ပါတယ်
ရန်ဖြစ်တယ်ဆိုပါတော့ သူတို့အနေနဲ့ သင့်ကို အလျော့ပေးမှာပါ သင်နဲ့ ပြိုင်ရန်တွေ့ရမည့် အသက်အရွယ်သူမှာ မရှိတော့ သင့်ကို ပထမဆုံးလာချော့မှာကိုကြီးတွေပါ။
၂ . နားလည်ပေးတတ်ပါတယ်
သင့်အနေနဲ့ တစ်ခုခု အမှားတစ်ခုခု လုပ်မိပါက သင့်ကို သူသင့် အသက်အရွယ်တုန်းက အချိန်နဲ့ နှိုင်းယဉ်ကာ နားလည်ပေးပါလိမ့်မယ်။
၃ . သင့်ကို လမ်းမှားမရောက်အောင်ဆုံးမပေးတတ်ပါတယ်
ကိုကြီးတွေက တရားတော့ ဟောပါတယ် ဒါကလည်း သူချစ်တဲ့ ကလေးဖြစ်တဲ့ သင့်အတွက် သူကောင်းစေချင်လို့ပါ သင်အောင်မြင်တိုးတက်တာကို ကိုကြီးတွေက မနာလိုမရှိ လိုလားသူတွေပါ။
၄ . သစွာရှိပါတယ်
ကိုကြီးတွေက အလုပ်မအားလပ်တာမို့သင့်ကိုက လွဲသူ အချိန်မပေးတတ်ပါ အမြဲ အလုပ်ရှုပ်နေတတ်သူတွေဖြစ်ပြီးသင်နဲ့ သာသူ့အချိန်တွေကို အတူတူ ဖြုန်းဖို့ကြိုးစားမဲ့သူတွေပါ။
၅ . နေရာတစ်ခုနဲ့ အတည်တကျရှိနေပါပြီ
ကိုကြီးတွေက ဂုဏ်သရေရှိလူကြီး လူကောင်းတွေဖြစ်ပါတယ် သည့်အပြင် သူတို့ အလုပ်ဌာနတွေမှာဆိုလဲ နေရာတည်တည်တံတံ့ရှိနေတဲ့သူတွေပါ။
၆ . သပ်ရပ်စွာနေတတ်ပါတယ်
ကိုကြီးတွေက ရှုပ်လက်ရှည်နဲ့ ဝတ်ပြီး ဆံပင်ကို သေသပ်စွာဖီးထားကာ သူ့အသက်အရွယ်နဲ့ လိုက်အောင်သန့်ပြန့်နေတတ်ပါတယ်။
၇ . အလိုလိုက်အကြိုက်ဆောင်ပါတယ်
ကိုကြီး လို့ ခပ်လေးလေး သာတစ်ချက်ခေါ်လိုက် သင့်အလိုကို လိုက်ပေးမဲ့သူဖြစ်ပြီး သင့် မျက်နှာ မညိုးအောင်ထားမည့်သူပါ။
၈ . ငွေကြေးပိုင်းဆိုင်ရာမှာလဲ သင့်ကို ထောက်ပံ့ပေးနိုင်တယ်
ကိုကြီးတွေ က မောင်လေးတွေ ရွယ်တူ ကောင်တွေကို မွဲမနေပါဘူး သင်သွားချင်တာ သွား စားချင်တာစားဖို့ သူ့မှာငွေ အမြှောက်အများရှိပါသေးတယ်။ကိုကြီးနဲ့ တွဲရင် သင်စိတ်ချမ်းသာရပါမယ်။
၉ . တာဝန်ယူ မှု့ အပြည့်ရှိပါတယ်
ကိုကြီးတွေက အမြဲ သင့်အပေါ်မှာ ရော မိသားစု အပေါ်မှာပါ အမြဲ အလေးထား မည့်သူတွေကို သူ့စိတ်ထဲမှာ သင်တို့ကိုပဲ ရှိနေလို့ပါ။
၁၀ . ဆူတာပြောတာရှိပေမည့်သင့်အပေါ်စိတ်ရင်းမှန်ပါတယ်
ကိုကြီးတွေက တစ်ခါ တစ်ခါ သိပ် အချိုးမကျတဲ့ သင့်ကို ဆူကောင်းဆူနိုင်ပါတယ် ။ သို့ပေမည့်လည်း ကိုကြီးက သင်မှ သင် ပဲ ချစ်တာပါ။
ဆိုတော့ကား အချိန်မလင့် လက်မနှေးစေပဲ ကိုကြီးတွေကို ရွေးချယ်လိုက်ရအောင် ..........
<<< Zawgyi >>>
ကိုကြီးတွေကို Date သောကြောင့်ရရှိမည့် အကျိုးကျေးဇူးများ
----------------
၁ . ခွင့်လွတ်လွယ်ပါတယ်
၂ . နားလည်ပေးတတ်ပါတယ်
၎ . သစွာရှိပါတယ်
Ref : 10 Advantages Of Dating Older Men