မင်္ဂလာပွဲအတွက်အလွယ်ကူဆုံးစီစဉ်နိုင်ဖို့ ၁နှစ် လောက်အလိုထဲကစီစဉ်စရာရှိတာတွေကို ကြိုစီစဉ်ထားပါနော်။
ဘာတွေစီစဉ်ရမလဲဆိုတာကိုလည်းပြောပြပေးလိုက်ပါတယ်။
(၁) Date သတ်မှတ်ပါ
ချစ်သူ ၂ဦး မင်္ဂလာဆောင်ချင်တဲ့ နှစ်၊ လ၊ ရက် ဆုံးဖြတ်ပါ။ ဗေဒင်လေးလည်းမေးပါအုံးနော်။ ရက်ကို ၄၊ ၅ ရက်လောက် ရာထားပါ။
(၂) Booking လုပ်ပါ
နှစ်၊ လ၊ ရက် သတ်မှတ်ပြီးတာနဲ့ အရင်ဆုံးလုပ်ကိုလုပ်သင့်တာပါ။ ဟိုတယ်၊ ဘုန်းကြီးကျောင်း စသဖြင့်ကိုယ့်ကျင်းပချင်တဲ့နေရာပေါ်မူတည်ပြီး ကြိုတင်ဘိုကင်လေးလုပ်ပါနော်။ ကိုယ်စီစဉ်ထားတဲ့ရက်နဲ့ ဘိုကင်ရတဲ့ရက်ကို သေချာအောင်လုပ်ပါ။ ကြိုတင်ဘိုကင်မလုပ်ထားဘူးဆို ကိုယ်လိုချင်တဲ့ရက်ရဖို့က မသေချာပါဘူးနော်။
မင်္ဂလာပွဲရောက်ဖို့ ၃ လလောက်ပဲလိုတော့တဲ့အခါ
(၁) Pre Wedding လေးရိုက်ထားပါ။ ဒါမှအေးဆေးပြီးပျော်စရာလည်းကောင်းမယ်၊ နီးမှဆို stress များပြီး ပျော်စရာကောင်းမှာမဟုတ်တော့ပါဘူး၊ ၃လထက်ပိုစောလည်းရပါတယ်။
(၂) Wedding Dress ပြင်ပါ။ သတို့သား၊ သတို့သမီး၊ အရံတွေနဲ့ မိဘတွေဖို့ပါဆို ၃လလောက်စောတာ ကောင်းပါတယ်၊ Dress တွေချုပ်ပေးမယ်ဆို အရံတွေကိုသေချာအောင်ရွေးပါအုံးနော်၊ လူသေချာမှမှ ချုပ်ပါ။
(၃) Makeup ပြင်ပေးမယ့်လူကိုရွေးပါ။ လိုအပ်မယ်ထင်ရင် Booking ကိုပါ ကြိုလုပ်ထားပါ။
(၄) ဓါတ်ပုံဆရာ (Photographer) ရွေးပါ။ ဓါတ်ပုံဆရာကိုလည်း ကြိုတင်ပြီးတော့ သေချာသွားအောင် Booking လုပ်ထားတာကောင်းပါတယ်။
(၅) နောက်တစ်ခုကတော့ အခမ်းအနားမှူးပါ။ သူ့ကိုလည်း Booking လုပ်ထားသင့်ပါတယ်နော်။
မင်္ဂလာပွဲရောက်ဖို့ ၂လပဲလိုတော့တဲ့အခါ
(၁) ဖိတ်စာအတွက်လူချရေးပါ။ ဖိတ်ဖို့အတွက်လူစာရင်းတွက်ချင်တယ်ဆိုရင် ၁အိမ်ကို လူ ၂ယောက်နှုန်းနဲ့မတွက်ပဲ ဖိတ်စာ၁စောင်ကိုလူတစ်ယောက်ခွဲနှုန်းနဲ့ တွက်တာပိုအဆင်ပြေပါတယ်။
(၂) ဖိတ်စာရိုက်ပါ။ ၁လ အလိုမှလုပ်လည်းရပေယ့် စိတ်အေးရအောင်ပါ။
မင်္ဂလာဆောင်ဖို့ ၁လ အလိုရောက်တဲ့အခါ
(၁) ပန်းအလှပြင်ဖို့ပြောပါ။
(၂) လက်ဆောင်ပြန်ကမ်းပေးဖို့ ပစ္စည်းမှာပါ။
မင်္ဂလာပွဲရောက်ဖို့ ၂ပတ်ပဲလိုတော့တဲ့အခါ
(၁) ဖိတ်စာဝေပါ။
(၂) Dress ယူထားပါ။
(၃) အရံဖို့ ဖိနပ်ဝယ်ပါ။ ဝတ်စုံကငှားမယ်ဆိုရင် ၂ ပတ်အလိုလောက်မှာ ဘိုကင်လုပ်ထားရပါတယ်။
(၄) ကားစီစဉ်ပါ။
၂ ရက် အလိုရောက်တဲ့အခါ
(၁) လက်ဝတ်လက်စားငှားပါ။
(၂) စိတ်မချရင်အားလုံးကို ဆက်သွယ်ပြီး confirm လုပ်ပါ။ (hotel၊ Makeup၊ အခမ်းအနားမှူး၊ ဂီတ၊ ပန်း ) အစရှိသဖြင့်ပါနော်။
(၃) လက်သည်း၊ ခြေသည်း၊ ခေါင်းလျှော် စသည့်ဖြင့် အလှအပကိုဂရုစိုက်ပါ။
၁ရက် ပဲလိုတော့တဲ့အခါ
(၁) ယူသွားမယ့် ပစ္စည်းတွေထည့်ပါ။ Dress ထည့်ထားပါ၊ လက်ဝတ်ရတနာတွေအပါအဝင် ဖိနပ်ကိုလည်း သတိတရထည့်ပါနော်။
(၂) ပိုက်ဆံကိုင်မယ့်သူ ၁ယောက်ထားပါ။
(၃) ကူမယ့်သူတွေကို သေချာအောင်ထပ်ပြောပါ။
(၄) အရံတွေနဲ့ မိဘတွေ မိတ်ကပ်ပြင်မယ့်အချိန်ကို သေချာအောင်လုပ်ပါ။
(၅) လက်ဖွဲ့သိမ်းမှာက ဘယ်သူဆိုတာကိုလည်းစီစဉ်ထားသင့်ပါတယ်နော်။
အားလုံးပဲ ပျော်ရွှင်ကြည်နူးစရာကောင်းမယ့် မင်္ဂလာပွဲလေးကိုကျင်းပနိုင်ပါစေနော်။