Pre-wedding photo ဆိုတာ မင်္ဂလာမောင်နှံများအတွက်အလွန်အရေးပါတဲ့အမှတ်တရလေးပါ။
Pre-wedding photo ကောင်းကောင်းလေးရဖို့အတွက်နောက်ခံ
Location က အရမ်းကိုအရေးကြီးပါတယ်။အခုကတော့အာရှမှာရှိတဲ့
Pre-wedding ကောင်းကောင်းလေးတွေရိုက်လို့ရမယ့်
နေရာ(၃)ခုကိုဖော်ပြပေးလိုက်ပါတယ်….
Hoi An,Vietnam
Vietnam နိုင်ငံရဲ့ကမ်းရိုးတန်းမြို့လေးတစ်ခုဖြစ်တဲ့ Hoi An ကတော့တစ်မူထူးခြားပြီးလှပတဲ့မြို့ လေးတစ်မြို့ ပါ။
ဒီမြို့ရဲ့ထူးခြားခက်လေးကတော့ လတိုင်း 15th ရက်ရောက်တိုင်း မီးထွန်းပွဲတော်ကျင်းပတာပါပဲ။
မြို့ရဲ့ဥရောပဆန်ဆန်အပြင်အဆင်လေးတွေနဲ့မီးအလင်းရောင်လေးတွေက
ဓါတ်ပုံကောင်းကောင်းလေးတွေရစေမှာအမှန်ပါပဲ။
Yangshuo,China
တရုတ်နိုင်ငံမှာရှိတဲ့ လှပတဲ့ရှူခင်း များ ရှိရာ Yangshuo မြို့လေးကတော့မပါမဖြစ်ပါပဲ။
တောင်တန်းတွေနဲ့အတူရေပြင်အလယ်မှာဝါးဖေါင်လေးစီးပြီး
တမူထူးခြားတဲ့ရှူခင်းလေးတွေနဲ့လှပတဲ့ဓါတ်ပုံလေးတွေပေးစွမ်းနိုင်မှာတော့အမှန်ပါပဲ။
<<< Air Ticketing and Airlines လေယာဉ်လက်မှတ်အရောင်းဆိုင်များကိုရှာရန်နှိပ်ပါ >>>
Sri Lanka
သဲဖြူကျွန်းတွေနဲ့ရှေးဟောင်းအဆောက်အအုံများစွာတည်ရှိပြီး
ပြည်ပအဝေးကြီးမသွားချင်သူများအတွက်တော့ရွေးခြယ်သင့်တဲ့နေရာလေးပါ။
အေးအေးချမ်းချမ်းနဲ့ခရီးသွားရင်းမြို့ကိုကားလေးဌားပြီးလည်ပတ်ရင်း
ဓါတ်ပုံကောင်းကောင်းလေးတွေရိုက်လို့ရမှာတော့အမှန်ပါပဲ။