စေ့စပ်ပွဲလေးအတွက် လာရောက်တဲ့အချိန်မှာ အုန်းပွဲ၊ ဌက်ပျောပွဲ အပြင်နေရာဒေသအလိုက်လိုအပ်တဲ့အရာလေးတွေ ပြည့်ပြည့်စုံစုံနဲ့ ပြုလုပ်နိုင်ပါစေ။
မြန်မာ့ထုံးစံတွေအထဲမှာတော့စေ့စပ်ကြောင်းလမ်းဖို့ နှစ်ဖက်မိဘတွေ တွေ့ဆုံတဲ့အချိန်မှာသတို့သားလောင်းဘက်ကအုန်းပွဲ၊ ဌက်ပျောပွဲတွေကို ယူလာတတ်ပါတယ်။ စေ့စပ်တောင်းရမ်းဖို့လာရောက်ရင်းမင်္ဂလာပွဲလေး အတွက်ပါ ပြင်ကြဆင်ကြပါတယ်။ စေ့စပ်ပွဲလေးအတွက်ကတော့အုန်းပွဲ၊ ဌက်ပျောပွဲလေးဆိုတာအရေးပါလှတဲ့အရာပဲ ဖြစ်ပါတယ်။အခုပြောပြပေးချင်တာကတော့ စေ့စပ်ပွဲလေးမှာအုန်းပွဲ ဌက်ပျောပွဲအပြင် ဘာတွေယူလာသေးလဲဆိုတဲ့အကြောင်းပါ။ နေရာ၊ အရပ်၊ ဒေသတွေအပေါ်လိုက်ပြီးထုံးစံကတော့ အနည်းငယ်ကွဲလွဲသွားတာကို တွေ့ရမှာပါ။
ဆွမ်းအုပ်လေး
အုန်းပွဲ၊ ဌက်ပျောပွဲနဲ့ အတူ ဆွမ်းအုပ်လေးကိုပါ ယူလာတတ်ပါတယ်။ ဆွမ်းအုပ်ထဲမှာ ငွေ ၁၀၀၀ ထည့်ပြီး ထိပ်မှာ အဖြူ အနီ အစလေး စည်းပေးပါတယ်။ သယ်ဆောင်လာတဲ့အချိန်မှာလည်း မိစုံဖစုံသာ သယ်ဆောင်ရပါတယ်။ စေ့စပ်ပွဲပြီးသွားတဲ့အချိန်မှာတော့ ဆွမ်းအုပ်လေးကို အိပ်တဲ့နေရာရဲ့ ခေါင်းရင်းမှာ အမှတ်တရ ထားပေးတတ်ပါတယ်။
လက်ဖက်နဲ့ ကွမ်းအစ်
လက်ဖက်နဲ့ ကွမ်း ဆိုတာကတော့ မြန်မာ့ရိုးရာ အစားအစာတွေထဲက ဧည့်ခံပွဲတွေတိုင်းရဲ့ အဓိက အစားအစာလို့ ဆိုရမယ့် အရာတွေထဲ တစ်ခုဖြစ်ပါတယ်။ တချို့ အရပ်တွေရဲ့ အယူအဆတွေထဲမှာတော့ လက်ဖက်နဲ့ ကွမ်းအစ်ကိုပါ စေ့စပ်ကြောင်းလမ်းတဲ့အချိန်မှာ သယ်ဆောင်လာတတ်ပါတယ်။
မင်္ဂလာမောင်နှံလောင်းလေးတို့ရေ မင်္ဂလာပွဲလေးမတိုင်မီစေ့စပ်ပွဲလေးအတွက်လာရောက်တဲ့အချိန်မှာ အုန်းပွဲ၊ ဌက်ပျောပွဲ အပြင် နေရာ၊ဒေသအလိုက် လိုအပ်တဲ့အရာလေးတွေ ပြည့်ပြည့်စုံစုံနဲ့ ပြုလုပ်နိုင်ပါစေ။
Credit;Marry