ဒီနေ့ဇန်နဝါရီလ၃၀ရက်နေ့အတွက်ကမ္ဘာ့ရွှေဈေးနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။ဒီနေ့ရဲ့ကမ္ဘာ့ရွှေဈေးနှုန်းကတော့တစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ1579.44ဒေါ်လာပေါက်ဈေးရှိနေပါတယ်။
မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့2.61ဒေါ်လာမြင့်တက်လာတာဖြစ်ပါတယ်။
အမေရိကန်ဗဟိုဘဏ်ကနေ Corona Virus ပျံ့နှံ့မှုကြောင့် တရုတ်ရဲ့စီးပွားရေးကိုပိုမိုထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ပြောခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့မနက် ၈နာရီ၄၅မိနစ်မှာ ရရှိထားတဲ့ သတင်းအရ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် 1228500ပေါက်ဈေးရှိနေပြီးမနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 3200 ကျပ်တက်လာတာပဲဖြစ်ပါတယ်။
ရာခိုင်နှုန်းအားဖြင့်ကတော့ 0.26%တက်လာတာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide